🍄 Part (1)🍄 ပြန်လည်မွေးဖွားခြင်း

5.1K 430 5
                                    

Unicode
Controlling not to love you

💔 1💔
[ပြန်လည်မွေးဖွားခြင်း]

တိတ်ဆိတ်လွန်းလှတဲ့ မနက်ခင်းတစ်ခုမှာ ပေကောလွီရဲ့ မျက်ဝန်းများ ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့သည်။ ဆောင်းနှင်းပန်းလေး မနက်ခင်းစောစောမှာ တဖြည်းဖြည်း ဖူးပွင့်လာသည့်နှယ် သူ့၏မျက်တောင်ရှည်များသည် ကော့ညွှန့်ရှည်လျားလျက်။

တစ်ကြိမ်သေပြီးလို့ နောက်တစ်ကြိမ် ပြန်မွေးဖွားလာခဲ့ပြီလေ။ ပေကောလွီ သူ့မျက်စိရှေ့က အနီရောင်လိုက်ကာစတွေကို မျက်တောင်မခတ် ငေးကြည့်နေသည်။ သူသည် ပေပြည်က တစ်ဦးတည်း ကျန်ခဲ့သော တော်ဝင်မျိူးနွယ် မင်းသားတစ်ပါး။

ရှင်ပြည်ထောင်နဲ့ စစ်မတ်ဖြစ်ရာမှ ရှောင်ရှားဖို့အတွက် သူ့ကိုယ်သူ နှိမ့်ချကာ ရှင်ပြည်ဘုရင်ရဲ့ အမျိုးသားဇနီးအဖြစ် လက်ထပ်ခဲ့သည်။ သူဟာ အမျိုးသားဇနီးတစ်ယောက် ဖြစ်လာသော်လည်း ရှင်ပြည်ဘုရင်ကသူ့အား စစ်မတ်ရေးရာမှာ တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ် ထားခဲ့၏။

ရက်တွေလတွေ တိုက်စားလာပြီးနောက် ပေကောလွီသည် ရှင်ပြည်ဘုရင် ရှင်ထန့်ဟောင်ကို ချစ်မိလာခဲ့ပြီး ရှင်ထန့်ဟောင်ကို အလုံးစုံ ပံ့ပိုးပေးခဲ့သည်။ သို့သော် နောက်ဆုံးမှာတော့ သူသည် ပေပြည်နဲ့ရှင်ပြည်ထောင်ကို မျှမျှတတ အုပ်ချုပ်ပါတယ်ဆိုတဲ့ ရှင်ထန့်ဟောင်ရဲ့ လုပ်ကြံချောက်ချခြင်းကို ခံလိုက်ရလေသည်။

ပေကောလွီ ရှင်ထန့်ဟောင်ရဲ့ ​ညီလာခံခန်းမထဲမှာပဲ မိမိလည်ပင်းအား ဓားတင်ကာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သည်။ သို့ပေမယ့် ကံတရားက သူ့ကိုလှည့်စားပြန်ပြီ။ သူ့ကို ရှင်ထန့်ဟောင်နဲ့ လက်ထပ်ပြီးညမှာ ပြန်မွေးဖွားခိုင်းသည်။

ဒီဘဝတော့ ရှင်ထန့်ဟောင်ရဲ့ လှည့်ကွက်တွေကြားထဲ မဝင်မိအောင် မိမိကိုယ်ကို ထိန်းချုပ်မည်။

"ကြင်ယာတော်လွီ..... ကိုယ်လက်သန့်စင်တော့မလား"

လိုက်ကာအပြင်ဘက်မှာ ရပ်နေတဲ့ နန်းတွင်းသူတစ်ယောက်က မေးလာတော့မှ အတိတ်ကို ပြန်တွေးနေတဲ့ ပေကောလွီ သတိပြန်ဝင်လာသည်။ သူထထိုင်လိုက်သည်။ ဒီနေ့က သူနဲ့ရှင်ထန့်ဟောင် လက်ထပ်ပြီး ပထမမြောက်နေ့ပဲ။

Controlling not to love you (OC) Completed Where stories live. Discover now