🍄Part (70)🍄ပိုင်မော့ချန်း

886 108 1
                                    

Controlling not to love you

                              🍄70🍄
                 [ပိုင်မော့ချန်း]

ချင်းပိုင်မြို့က မြို့သားတွေသာမက သိုင်းလောက လေလွင့်သူတို့ ပျားပန်းခတ် သွားလာမှုကြောင့် စည်းကားသိုက်မြိုက်သည်။ မကြာခင် သိုင်းလောကပြိုင်ပွဲကလည်း ရောက်လာတော့မှာမို့ လုံးရှန်းတောင်နဲ့ အနီးဆုံး ချင်းပိုင်မြို့ဟာလည်း ယခုဆို အရင်ကထက် လူဦးရေ ပိုများနေသည်။

ပေကောလွီတို့ တည်းခိုနေတဲ့ တည်းခိုခန်းမှာဆိုရင်လည်း နေရာအနှံ့ကလာတဲ့ သိုင်းလောကသားတွေနဲ့ အခန်းတွေပြည့်နေသည်။ ပေကောလွီ ပြတင်းပေါက်ကို ဖွင့်လျက် ပြတင်းပေါက် အလယ်တွင်ရပ်ကာ မြို့ထဲကို လှမ်းကြည့်နေ၏။

သူက ခေါက်ဆွဲဆိုင်ပိုင်ရှင်တို့ ပျော်ပျော်ပါးပါး စျေးရောင်းကောင်းနေတာကို ကြည့်ပြီး ပျော်မြူးနေလေရာ အရိပ်တပ်သားတွေဆီက သတင်းစောင့်နေတဲ့ ရှင်ထန့်ဟောင် တဖြည်းဖြည်း မနာလိုလာသည်။

ဒါကြောင့် သူပေကောလွီကို အနောက်ကနေ ဖက်ပစ်တော့၏။

"လွီကကိုယ့်ကို ပစ်ထားတယ်ကွာ"

ပေကောလွီက မျက်မှောင်ကျုံ့သည်။

"ငါဘယ်မှာမင်းကို ပစ်ထားလို့လဲ"

"မင်းမြို့ထဲကလူတွေကို ရပ်ကြည့်နေတာ နာရီဝက်လောက် ရှိပြီ ကိုယ့်ဘက်ကိုကျ မလှည့်လာဘူး.... အဲဒါကိုယ့်ကို ပစ်ထားတာပဲလေ"

ပေကောလွီ ခပ်ဖွဖွ ပြုံး၍ ရှင်ထန့်ဟောင်ကို တွန်းလိုက်သည်။

"ဘာသတင်းမှ မကြားရသေးဘူးလား"

"ကြားရပြီ"

"ဘာတဲ့လဲ"

"ဒီတည်းခိုခန်းမှာ ဓားတွေနဲ့ ပတ်သက်ရင် အကျွမ်းတဝင်ရှိတဲ့ သိုင်းသမားတစ်ယောက် ရှိတယ်.... ကိုယ်တို့ဒီည သူ့ကိုသွားတွေ့ကြမယ် "

ပေကောလွီ ရှင်ထန့်ဟောင်ရဲ့ မျက်လုံးထဲကို ကြည့်ကာ။

"သွားတွေ့မယ်?"

"အွန်း.... ကိုယ်သူ့အကြောင်း သေချာစုံစမ်းပြီးပြီ သူက ထန်နိုင်ငံ အမတ်ချုပ်ကြီးရဲ့ မျိုးဆက်ထဲက တစ်ယောက်ပဲ တိုက်တိုက်ဆိုင်ဆိုင် သူကလည်း လုချိန်စုန့်ကို ရှာနေတာ.... ကိုယ်တို့သူနဲ့ ပူးပေါင်းလို့ရတယ် ဒါပေမဲ့ သတိတော့ထားရမှာပေါ့ "

Controlling not to love you (OC) Completed Where stories live. Discover now