🍄Part (21)🍄ကိုယ့်ကိုနာမည်ခေါ်ပေး

1.9K 204 0
                                    

Controlling not to love you

                             🍄21🍄
                 [ကိုယ့်ကိုနာမည်ခေါ်ပေး]

ပေကောလွီရဲ့ ဆေးလိမ်းပေးနေတဲ့ ပုံစံလေးက သူ့နှလုံးသားကို ရင်ဖိုစေ၏။ ပေကောလွီအရင်က သူ့ကိုလျစ်လျူရှုပြီး အေးတိအေးစက် ဆက်ဆံခဲ့တုန်းက သူ့နှလုံးသားကလည်း ဝမ်းနည်းနေခဲ့တာ။ ဘာကြောင့်များ သူ့အပေါ် အေးစက်နေရသလဲ ဆိုတာကို သူခဏခဏ တွေးတောမိသည်။

မကြာခဏ ပေကောလွီနဲ့ ပတ်သက်တဲ့ အိပ်မက်တွေကလည်း သူ့ခေါင်းထဲကို ဝင်ဝင်လာခဲ့သည့် နောက်ပိုင်းတွင် သူရူးမိုက်စွာ တွေးမိလိုက်တာက သူတို့နှစ်ယောက် အရင်က တွေ့ခဲ့ဖူးသလား ဆိုတာပင်။

အတိတ်ဘဝ တစ်ခုပဲ။ အဲဒီဘဝမှာ သူကပေကောလွီအပေါ်ကို ရက်စက်ကြမ်းကြုတ်ခဲ့သည်။ ပေကောလွီ သူ့ကိုယ်သူ သတ်သေသွားအောင် ဖိအားပေးမိခဲ့၏။ ဆက်စပ်ပြီး တွေးကြည့်ရင်း ပေကောလွီကလည်း အဲဒီလိုအိပ်မက်တွေကို မက်ခဲ့တဲ့သူလား။

ဒါမှမဟုတ် အိပ်မက်ထဲက ဘဝကနေ ပြန်မွေးဖွားလာသူလား။ ဒါတွေက ရှင်ထန့်ဟောင် ရူးရူးမိုက်မိုက်နဲ့ လျှောက်တွေးမိခဲ့တဲ့ အတွေးတွေပဲ။ ဒါတွေကြောင့် ပေကောလွီ အေးစက်နေခဲ့တယ်လို့ သူထင်နေသည်။

ရှင်ထန့်ဟောင် သူ့ကိုယ်သူ ပြန်လည်တွေးတော သုံးသပ်နေစဥ်မှာပင် ပေကောလွီက သူ့ကိုဆေးလိမ်းပေး ပြီးနေပြီ ဖြစ်သည်။ ရှင်ထန့်ဟောင် လက်လှမ်း၍ ပေကောလွီရဲ့ လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။

အားသုံး၍ ဆွဲချလိုက်တဲ့အခါ ပေကောလွီရဲ့ ကိုယ်လုံးလေးက သူ့အပေါ်ကို ပိကျလာ၏။ နှုတ်ခမ်းတို့ မိတ်ဆက်သွားတဲ့အခါ ပေကောလွီရဲ့ မျက်လုံးများ ဝိုင်းစက်လာလေသည်။ သူရှင်ထန့်ဟောင်ကို တွန်းထုတ်ကာ။

"မင်း!"

"လွီ..... ကိုယ်မင်းကို ချစ်တယ်"

ရုတ်တရက် အနမ်းကြောင့် ကျင်ကနဲ ဖြစ်သွားသော နှလုံးသားလေးမှာ နောက်ဆက်တွဲ စကားကြောင့် တဒိတ်ဒိတ် ခုန်လာတော့သည်။ လက်ရှိအနေအထားမှာ တစ်ယောက်ရဲ့ လက်မောင်းကို တစ်ယောက် ဆုပ်ကိုင်ထားမိကြပြီး နှုတ်ခမ်းတွေကလည်း ထိမိလုနီးပါး။

Controlling not to love you (OC) Completed Where stories live. Discover now