🍄Part (89)🍄ကိုယ်မင်းရဲ့နှလုံးသားလေးကို နာကျင်အောင် လုပ်မိပြန်ပြီ

839 87 0
                                    

Controlling not to love you

🍄(89)🍄
[ကိုယ်မင်းရဲ့နှလုံးသားလေးကို နာကျင်အောင် လုပ်မိပြန်ပြီ]

မြင်းငါးကောင်ကြောင့် ဧကရာဇ်နှင့် ဧကရီတို့ ပါဝင်သော ရထားလုံးသည် ပေပြည်အရှေ့ဖက်က ရေကန်ကြီးဆီကို ခဏအတွင်း ရောက်လာခဲ့၏။ ရေကန်က အင်မတန် ကျယ်ကာ စက်ဝိုင်းသဏ္ဌာန် ပုံဖော်ထားသည်။

ရေကန်ဘောင်ကို ခပ်မြင့်မြင့် ဆောက်ထားတာက ကလေးတွေ ကစားရင်း ပြုတ်ကျမသွားစေဖို့ ဖြစ်သည်။ ရေကန်ဘေးပတ်လည်သည် နှင်းကျထားပေမယ့် စိမ်းစိမ်းစိုစိုနဲ့ ကြည့်လို့ကောင်းနေတုန်းပဲ။

ရေကန်ကို ရောက်ပြီမို့ ပေကောလွီ သူ့ရဲ့ဧကရာဇ်ကို နှိုးလိုက်သည်။

"ထန့်ဟောင်...."

"ဟမ်...."

"ငါတို့ရောက်ပြီ.... ဒီနေ့ နေလည်းသာတယ် အပြင်မှာ အရမ်းမအေးတော့ဘူး"

ရှင်ထန့်ဟောင် ထလိုက်သည်။ သူစိတ်ထင်လို့တော့ မဟုတ် သူထလိုက်တဲ့အချိန်မှာ ပေကောလွီက သူ့ကိုထိန်းထားပေး၏။ အဲဒါက ရုတ်တရက် သူလဲကျသွားမှာကို စိုးရိမ်နေသလိုပဲ။

"လွီ ကိုယ့်ကိုလူအိုကြီးတစ်ယောက်လို ဆက်ဆံနေတာလား ဒါမှမဟုတ် ကိုယ့်ကို မခွဲနိုင်မခွာရက် ဖြစ်နေတာလား?"

"အရှေ့ကတစ်ခုဖြစ်မယ်"

"မဟုတ်ဘူး ကိုယ်အခုမှငယ်ရွယ်တုန်း ရှိသေးတယ်... ကိုယ့်ခန္ဓာကိုယ်က တောင့်တင်းတဲ့ ကြွက်သားတွေ ရှိနေတုန်းပဲ မယုံရင် ကိုယ်ပြမယ်...."

ရှင်ထန့်ဟောင် သူ့လက်ကို ရုတ်တရက် ဆွဲယူသွားသည်။ ရင်ဘတ်ကို ဖွင့်ကာ သူ့ရင်အုပ်တွေပေါ်ကို ပေကောလွီရဲ့လက်တွေ တင်လိုက်ပေသည်။ ပေကောလွီမှာ ထိုတောင့်တင်းသော ကြွက်သားများကို အံ့ဩစွာ ကြည့်နေမိလေ၏။

ပေကောလွီ သူ့လက်တွေကို လွှတ်လိုက်ပြီး ရှင်ထန့်ဟောင်ရင်ဘတ်ကို အမြန်ပြန်ဖုံးပေးလိုက်သည်။

"အေးနေသေးတယ်.... ပေါက်ကရတွေ မလုပ်နဲ့...."

"အဟားဟား ဧကရာဇ်ကိုဆူတဲ့ ဧကရီကို ကိုယ်အခုမှတွေ့ဖူးတယ်ကွာ.... မင်းလက်ခံမယ်ဆိုရင် ကိုယ်မင်းကို နည်းနည်းလောက် နမ်းချင်တယ် အိုး...မဟုတ်ဘူး များများလည်း ဖြစ်သွားနိုင်တယ်.... အပြင်ကတစ်ယောက် ​မင်းဝေးဝေးကို ခဏသွားနေလိုက်"

Controlling not to love you (OC) Completed Where stories live. Discover now