🍄Part (66)🍄ထင်တာထက်ပိုရင်းနှီးတယ်

802 94 0
                                    

Controlling not to love you

                            🍄(66)🍄
               [ထင်တာထက်ပိုရင်းနှီးတယ်]

ပေကောလွီ လက်နက်ပုန်းကို ကန်ထုတ်လိုက်ပြီးသော် ရှင်ထန့်ဟောင် ချစ်ရသူအား သူ့အနောက်ကို ပြန်ဆွဲပို့ထားပြန်၏။ သူ့ကိုလှုပ်ရှားခွင့် လုံးဝမပေးသောအခါ ပေကောလွီ ဒေါသထွက်လာတော့သည်။

"ငါမင်းအနောက်မှာပဲ မနေချင်ဘူး"

ရှင်ထန့်ဟောင် ထိုလူသားလေးရဲ့ ကျောက်ခဲလို လေသံကို ကြားသောအခါ ဝါးခမောက်နဲ့လူရဲ့ နောက်ထပ် လက်နက်ပုန်းကို ကာကွယ်ရင်း ပြန်ပြောလိုက်သည်။

"မင်း သွေးတစ်စက်ထွက်ကြည့်.... မင်းကိုယ့်အကြောင်း သိစေရမယ်"

"........"

ပေကောလွီ ဆွံအသွားသည်။ သူကဘာဖြစ်လို့ သွေးထွက်ရမှာလဲ။ သူ့သိုင်းပညာက ဆိုးဝါးတဲ့အထဲလည်း မပါဘူးလေ။ အနည်းဆုံးတော့ သူဟာလည်း ချင်းသွမ့်နဲ့ ယှဥ်တိုက်နိုင်ပါတယ်။ ဒါပေမဲ့ သူစကားပြောချိန်ပင် မရ။ ရှင်ထန့်ဟောင်က ဝါးခမောက်နဲ့လူကို တိုက်ခိုက်နေပြီ။

ရှင်ထန့်ဟောင်ကို ကူဖို့ ပန်ကုန်းစွန်းကလည်း ပါဝင်လာခဲ့လေရာ နောက်ဆုံး ဝါးခမောက်နဲ့လူ ဓားဒဏ်ရာတချို့ရပြီး ပန်ကုန်းစွန်း လက်ထဲတွင် အဖမ်းခံလိုက်ရသည်။

"သူ့ကို မသတ်သေးနဲ့"

ဝမ်မုန့်စွင်းက မိန့်လိုက်သည်။

"ဟုတ်ကဲ့ ရှစ်ဖူ....."

ငယ်သားတွေ တစ်ယောက်မှ အသက်မရှိတော့တာကို ကြည့်ပြီး ထိုလူလည်း အတော်လေး စိတ်ညစ်သွားပုံရသည်။

ရှင်ထန့်ဟောင် လှည်းထဲပြန်ဝင်ဖို့ လှည့်လိုက်တော့ ပေကောလွီ မရှိတော့ပေ။ ရန်သူ အဖမ်းခံလိုက်ရပြီးကတည်းက ပေကောလွီသည် လှည်းအတွင်းထဲကို ပြန်ဝင်သွားပြီဖြစ်သည်။ ရှင်ထန့်ဟောင် အမြန်ပြေးဝင်သွားလိုက်ပြီး။

"လွီ....."

'ဝုန်း....'

ရှင်ထန့်ဟောင် တိုက်ခိုက်ခံလိုက်ရသည်။ သူ အမြန်ရှောင်လိုက်လို့ပေါ့။ အမြန်သာမရှောင်လိုက်ရင် သူ့ရင်ဘတ်ကနေ သွေးတွေ ကန်ထွက်လာလိမ့်မယ်။

Controlling not to love you (OC) Completed Where stories live. Discover now