🍄Part (92)🍄ခေါင်းတလားကိုပြင်ဆင်ထားတယ်တဲ့

1.3K 97 2
                                    

Controlling not to love you

(92)

"ရွှမ်းယင်...."

"ဟုတ်တယ်... သူက ကိုယ့်ရဲ့ပြင်းပြတဲ့ ဆန္ဒကြောင့် တခြားလောကဘက်ကနေ ရောက်လာခဲ့တာ"

"သူကဘယ်လိုပုံစံလဲ?

"သူကနူးညံ့တဲ့ ပုံစံရှိတယ်... ဆံပင်က မိုးပြာရောင်ကိုမှ ခြေဖျားအထိရှည်တယ် အပြာရောင် ဝတ်ရုံကိုလည်း ဝတ်ဆင်ထားသေးတယ်။ မျက်လုံးကလည်း အပြာရောင်ပဲ.... သူ့ကိုယ်ကနေ ကိုယ်တို့တစ်ခါမှ မတွေ့ကြုံဖူးတဲ့ အငွေ့အသက်တွေ တွေ့ရတယ်"

ပေကောလွီ သေချာနားထောင်ကြည့်ပြီး ရှင်ထန့်ဟောင် တကယ်ပဲ နတ်ဘုရားအကူအညီ ရခဲ့တာကို ယုံကြည်လာမိသည်။

တစ်အောင့်အကြာတွင် ရှင်ထန့်ဟောင် ပြင်ဆင်ခိုင်းထားသော အနီရောင် မင်္ဂလာဝတ်စုံကို အစေခံနှစ်ယောက်က ယူဆောင်လာလေသည်။ ဝတ်စုံတစ်စုံကို သစ်သားဗန်းထဲထည့်ထား၏။ ဗန်းကို ကုတင်ဘေးက စားပွဲတွင် တင်ပေးပြီးတော့ ပြန်ထွက်သွားကြသည်။

ရှင်ထန့်ဟောင် စားပွဲပေါ်ကို လှမ်းကြည့်လိုက်သည်။

"ကိုယ်တို့မနက်ဖြန် လက်ထပ်ကြမယ်"

ပေကောလွီ ထိုသူကိုငုံ့ကြည့်ပြီး ပြုံးပြလိုက်သည်။

"ကောင်းပြီ...."

........

ပေကောလွီ - "အိပ်ချင်ပြီလား?"

ရှင်ထန့်ဟောင်မျက်ခွံတွေ တဖြည်းဖြည်း လေးလံလာတယ်လို့ ခံစားရလာလို့ ပေကောလွီအား အိပ်စက်ဖို့အတွက် သဘောတူလိုက်သည်။ ပေကောလွီ ရှင်ထန့်ဟောင်ကို အိပ်ယာပေါ်တင်၍ သိမ်မွေ့ခြင်းအပြည့်ဖြင့် စောင်ခြုံပေးပြီး အနမ်းတစ်ပွင့်ကိုလည်း နဖူးပေါ် ခပ်နှိပ်လိုက်သည်။

ဖြူဖတ်နေတဲ့ နှုတ်ခမ်းတွေဟာ အရင်ကဆို သူနမ်းလိုက်တိုင်း ပြုံးရယ်လာခဲ့သော်ငြား လက်ရှိအချိန်မှာတော့ ပင်ပင်ပန်းပန်း အိပ်ပျော်သွားခဲ့လေသည်။ ပေကောလွီ မိနစ်ဝက်လောက် ရှင်ထန့်ဟောင်ကို စိုက်ကြည့်နေခဲ့၏။

အဲဒီနောက် အခန်းအပြင်ဘက်က အထိန်းတော်ဆီကို ထွက်လာခဲ့သည်။

Controlling not to love you (OC) Completed Where stories live. Discover now