🍄Part (83)🍄လှည့်ကွက်များ

807 86 0
                                    

Controlling not to love you

🍄83🍄
[လှည့်ကွက်များ]

ဓားငယ်နှစ်ချောင်းသည် ပေကောလွီလက်ထဲကို နာနာခံခံနဲ့ ပြန်ရောက်လာသည်။

"သူ့ကိုမသတ်ပါနဲ့!"

မိန်းကလေးတစ်ယောက် လုချိန်စုန့်အရှေ့ကို ပြေးဆင်းလာပြီး ကာရပ်လိုက်သည်။ သူမကိုတွေ့သောအခါ ပေကောလွီရဲ့ လှုပ်ရှားမှုတွေ ရပ်သွားကာ ပန်ကုန်းစွန်းသည်လည်း ကြောင်အသွား၏။

သူမက တခြားသူတော့မဟုတ်။ ဝမ်မုန့်စွင်းရဲ့ တပည့်မလေး ရှောင်ကူးပင်။ ပေကောလွီမှာ ရှောင်ကူး ရုတ်တရက် ပေါ်လာပြီး လုချိန်စုန့်ကို ကာကွယ်ပေးနေသည်အား နားမလည်နိုင် ဖြစ်နေ၏။

"အစ်မ.... ဘယ်လိုလုပ်?"

"အားလွီ တောင်းပန်ပါတယ်.... နင်သူ့ကို မသတ်ပါနဲ့နော်"

"သူက....."

"အားလွီ နင်အခုသူ့ရဲ့ သွေးကြောတွေကို ဖြတ်တောက်ပြီးပြီပဲ သူထပ်ပြီး သိုင်းကျင့်လို့မရတော့ဘူး.... နင်သူ့ကိုလွှတ်ပေးလိုက်ပါတော့နော်"

ထိုအခါ ရှင်ထန့်ဟောင်က ပေကောလွီရဲ့ဘေးမှာ ဝင်ရပ်လာ၏။

"လွီ..... မင်းသူ့ကို လွှတ်ပေးချင်လား?"

လုချိန်စုန့်သည် ကြမ်းပြင်တွင် လဲကျနေပြီး ကောင်းကင်ကိုသာ အသက်မဲ့စွာနဲ့ ကြည့်နေသည်။ သူက သူ့ရဲ့ဆရာတူညီမလေးကို သတ်ပစ်ခဲ့ပေမယ့် သူမရဲ့ကလေးက သူ့ကိုလက်စားချေခဲ့ပြီ။

သူနောက်ထပ် သိုင်းကျင့်လို့မရတော့အောင် အကြောတွေကိုပါ တစ်ခါတည်း ဖြတ်ပစ်လိုက်၏။

ပေကောလွီသည် ရှောင်ကူးအကြာကြီး ပျောက်သွားပြီးမှ ပြန်ပေါ်လာခဲ့သည်။ ပြန်ပေါ်လာတော့လည်း သူ့ရဲ့ရန်သူကိုမှ ကာကွယ်ပေးနေ၏။ သူတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေး တစ်ခုခုတော့ ရှိနေပြီ။

သူတို့က သားအဖလည်း ဖြစ်နေနိုင်သည်။ ရှောင်ကူးသည် ပေကောလွီ တိတ်ဆိတ်နေတာကို အခွင့်ကောင်းယူကာ လုချိန်စုန့်ကို တွဲထူလိုက်၏။ လုချိန်စုန့်က တစ်ဖက်က လူငယ်နှစ်ယောက်ဘက်ကို လှည့်၍။

"ဒီသိုင်းကွက်က ငါ့ကိုသတ်နိုင်တယ်ဆိုတာ မင်းတို့ဘယ်လိုသိလဲ?"

Controlling not to love you (OC) Completed Where stories live. Discover now