🍄Part (43)🍄သာမန်မဟုတ်တဲ့ရုပ်သေးရုပ်

1K 130 1
                                    

Controlling not to love you

                             🍄 43🍄
                [သာမန်မဟုတ်တဲ့ရုပ်သေးရုပ်]

"လွီ.... ကိုယ်ဘာကြားခဲ့တယ်ထင်လဲ?"

ရှင်ထန့်ဟောင် အခန်းထဲကို ရောက်ရောက်ချင်း ပေကောလွီရှိနေတဲ့ စားပွဲဆီသို့ အပြေးအလွှားသွားကာ စကားစလိုက်သည်။ ပေကောလွီထံကို စားဖိုဆောင်မှ လာပို့သော ယာဂုရောက်နေပြီ။ ပေကောလွီ ထိုမနက်စာကို အရသာခံစားရင်း ရှင်ထန့်ဟောင်ကို မျက်လုံးလှန်ကြည့်လိုက်သည်။

"ဘာကြားခဲ့လို့လဲ?"

"မင်းရဲ့အစ်ကို၄က တစ်ယောက်ယောက်အပေါ် စိတ်ယိုင်တော့မယ်"

"ဘယ်သူလဲ?"

ပေကောလွီ ထင်ထင်ရှားရှားပဲ စိတ်ဝင်စားသွားသည်။ ရှင်ထန့်ဟောင်ရဲ့ ပြုံးစိစိမျက်နှာကို ကြည့်ရင်း သူလည်းပဲ တစ်ခုခုကို သဘောပေါက်သွားတာကြောင့် ထပ်မေးလိုက်၏။

"ချိန်ယင်?"

"အွန်း"

ရှင်ထန့်ဟောင် လက်ဖက်ရည် ငှဲ့သောက်လိုက်သည်။

"ကိုယ် သူတို့နှစ်ယောက်ကြားမှာ အချစ်ကြိုးမျှင်လေးတစ်ခု တွေ့နေတယ်.... သူတို့ မကြာခင် "

"မဟုတ်ဘူး "

ရှင်ထန့်ဟောင် ရပ်သွား၏။ ပေကောလွီက ဘာဖြစ်လို့ ကြားဖြတ်ကာ ငြင်းဆန်လိုက်သလဲ သူသိချင်သွားတာကြောင့် ပေကောလွီအား မျက်ခုံးတစ်ဖက် ပင့်ပြလိုက်သည်။

ပေကောလွီ - "အစ်ကို၄က ယောကျ်ားတွေကို စိတ်မဝင်စားဘူး "

"........"

"သူအရင်က ပွေခဲ့ဖူးသမျှတွေက အရမ်းလှတဲ့ မိန်းကလေးတွေချည်းပဲ..... သူ ချိန်ယင်ကို သဘောမကျလောက်ဘူးလို့ ငါထင်တယ် အဲဒါအပြင်.... "

'ပြွတ်စ်..... '

ပေကောလွီ လန့်သွားသည်။ ရှင်ထန့်ဟောင်က ရုတ်တရက် သူ့မျက်နှာရှေ့ကို ရောက်ချလာပြီး သူ့နှုတ်ခမ်းသားတွေကို ခပ်ကြမ်းကြမ်း စုပ်သွားသည်လေ။ သူမျက်လုံးပြူးပြူးလေးနဲ့ ကြည့်လိုက်တော့ ရှင်ထန့်ဟောင်ကတော့ သူ့အကြည့်ကို လွှဲသွားကာ သက်ပြင်းချ၏။

Controlling not to love you (OC) Completed Where stories live. Discover now