🍄Part (45)🍄သရဲတောင်ရဲ့နောက်ကြောင်း

1.1K 121 1
                                    

Controlling not to love you

                              🍄 45🍄
                  [သရဲတောင်ရဲ့နောက်ကြောင်း]

သူ့စိတ်ဆိုးနေတယ်ထင်ပြီး ပေကောလွီမှာ ချော့ဖို့ကြိုးစားနေတာ သိလိုက်သည်။ သူ ပေကောလွီကို လက်ထပ်လိုက်တုန်းကဆိုရင် ပေကောလွီက သူ့ကို အေးစက်စက်သာ ဆက်ဆံခဲ့သည်။ မျက်နှာနဲ့ လေသံကအစ ရေခဲတုံးနဲ့ ညီအစ်ကိုလား မှတ်ရသည်။

နောက်တော့ တဖြည်းဖြည်း ပျော့ပြောင်းလာကာ အခုဆို သူ့ကိုဖက်ဖို့တောင် မတုံ့ဆိုင်းတော့ဘူးလေ။

ရှင်ထန့်ဟောင် အနောက်ပြန်လှည့်၍ ပေကောလွီရဲ့ လက်မောင်းများကို ဆုပ်ကိုင်ထားလိုက်သည်။

"လွီ..... ကိုယ့်ကိုကြည့်"

ပေကောလွီမော့ကြည့်လာအောင် နဖူးပြင်လေးကိုလည်း နမ်းရှုတ်လိုက်၏။

"ကိုယ်မင်းကိုလုံးဝ အထိခိုက်ခံမှာ မဟုတ်ဘူး.... "

"ငါသိပါတယ် "

"ဖူးရှုံးလမ်းပြကို ရှာတွေ့ရင် ကိုယ်တို့ စထွက်ကြမယ်.... မင်းရဲ့လက်ကောက်က သာမန်လက်ကောက် မဟုတ်ဘူး မင်းရဲ့ရှစ်ဖူ ပိုင်တဲ့အရာလည်း မဟုတ်ဘူး.... သူက တစ်စုံတစ်ယောက်ရဲ့ အမိန့်ကြောင့် မင်းလက်ထဲ အပ်ထားရုံပဲ"

"မင်း မင်း သိနေပြန်ပြီလား? ရှစ်ဖူတစ်ခါပြောဖူးတယ်.... ဒီလက်ကောက်က ဝမ်ဘိုးဘေးတွေပိုင်တဲ့ လျှိုဝှက်အခန်းကြီးတစ်ခန်းရဲ့ သော့တဲ့"

ရှင်ထန့်ဟောင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်..... ဒီလက်ကောက်ကြောင့် အဲဒီရုပ်သေးရုပ်တွေ ထွက်လာတာ... မြေအောက်နန်းတော်ကို သွားပြီး လက်ကောက်အကြောင်း သေချာဖော်ထုတ်ရမယ် ဒါမှ မင်းအတွက် အန္တရာယ်ကင်းမှာ"

ပေကောလွီ ခေါင်းဆက်ပြ၏။ သူက ရှင်ထန့်ဟောင်လည်တိုင်ထဲသို့ တိုးဝင်လိုက်ပြီး သဘာဝရဲ့ အအေးဓာတ်ကို ကာကွယ်ဖို့ ခန္ဓာကိုယ်နှစ်ခုကို ပူးကပ်ထားလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် ရှင်ထန့်ဟောင်......"

ရှင်ထန့်ဟောင် သူ့ရဲ့အနွေးဝတ်ရုံကို ဖြန့်၍ ပေကောလွီကိုလည်း လွှမ်းပေးလိုက်သည်။ သူတို့နှစ်ယောက်လုံး အနွေးဝတ်ရုံထဲတွင် နစ်မြုပ်သွား၏။ နွေးထွေးတဲ့ လေထုအမျှင်တန်းလေးများ သွယ်ယှက်လာကာ ကိုယ်ငွေ့များလည်း ပို၍ တောက်လောင်လာခဲ့သည်။

Controlling not to love you (OC) Completed Where stories live. Discover now