🍄Part (36)🍄အသားစားငါး

1.2K 148 1
                                    

Controlling not to love you

                          🍄36🍄
             [အသားစားငါး]

ပေကောလွီဘက်ကစပြီး သူ့ကိုယခုလို ဖက်တွယ်လာတဲ့အခါ ရှင်ထန့်ဟောင် အံ့ဩလွန်းလို့ ဘာမှတောင်မတုံ့ပြန်နိုင်ခဲ့။ သူလုံးဝမလှုပ်ရှားနိုင်လိုက်တာ ပေကောလွီ သူ့နှုတ်ခမ်းကို နမ်းလာတဲ့အထိပဲ။

နူးနူးညံ့ညံ့နဲ့ မထိတတိလေး လုပ်နေပုံကတော့ အင်မတန် အသည်းယားချင်စရာကောင်းတာ အမှန်ပင်။ သူ့ခါးကိုဖက်၍ သူ့နှုတ်ခမ်းလွှာကို ညင်ညင်သာသာ စုပ်လိုက်လျှက်လိုက် လုပ်နေခြင်းသည် ရှင်ထန့်ဟောင်ရဲ့ အသိစိတ်ကို တဖြည်းဖြည်း ပြန်ဝင်လာစေသည်။

အနမ်းက စက္ကန့်ဝက်လောက်သာ ကြာသည်။ ပေကောလွီ အနောက်ပြန်ဆုတ်သွားပြီး ဘယ်ကြည့်ညာကြည့် လုပ်၍ သူတို့ကို တစ်ယောက်ယောက်များ တွေ့သွားသလား စူးစမ်းလိုက်သည့် အခိုက်အတန့် သူ့ပါးတစ်ဖက် အနမ်းခံလိုက်ရ၏။

'ပြွတ်စ်....'

"လွီ ကိုယ်နောက်ဆုံးတော့ ကိုယ့်အပေါ် ဘယ်လိုသဘောထားလဲ သိလိုက်ရပြီ"

"မင်းငါ့ကိုသစ္စာမဖောက်သရွေ့"

"မလုပ်ဘူး"

ရှင်ထန့်ဟောင် သူ့လက်သုံးချောင်းကို ထောင်လျက် ကျမ်းကျိန်သလို ကျိန်ပြ၏။

"ကိုယ်မင်းအပေါ် လုံးဝ သစ္စာမဖောက်ဘူး.... "

"ကောင်းပါပြီ ကောင်းပါပြီ"

ပေကောလွီ ထိုသူ၏လက်သုံးချောင်းကို ကိုင်လျက် အောက်ပြန်နှိမ့်ချလိုက်သည်။ ထို့နောက် ရှင်ထန့်ဟောင်သည် သူ့အား သူတို့ရထားလုံးပျက်ပြီး မျောလာခဲ့သော ချောင်းရှိရာကို ခေါ်သွား၏။

မြစ်နဲ့ ရွာကလေးက သိပ်မဝေးချေ။ တစ်လမ်းလုံး ဝါးတောတွေကိုသာ ဖြတ်ကျော်ခဲ့ကြရပြီး သိပ်မကျယ်သော ချောင်းဆီကို ရောက်လာခဲ့သည်။ ချောင်းထဲတွင် ကျောက်တုံးကြီးတွေ အမြောက်အများ ရှိပြီး အမျိုးသမီးများက ထိုကျောက်တုံးများပေါ်တွင် အဝတ်လျှော်နေကြသည်။

ကလေးငယ်များကတော့ ကျောက်ခဲဖြူဖြူတွေချည်း ပြည့်နှက်နေသော ကမ်းစပ်တွင် ကစားနေကြ၏။ ပေကောလွီ ထိုချောင်းစပ်ကို ရောက်လာသောအခါ ကလေးတွေကြားမှာ ကစားနေတဲ့ ယွိရင်ကို တွေ့ရလေသည်။

Controlling not to love you (OC) Completed Where stories live. Discover now