🍄Part (60)🍄အတူတူသိုင်းကျင့်ခြင်း

969 106 1
                                    

Controlling not to love you

                         🍄 60🍄
               [အတူတူသိုင်းကျင့်ခြင်း]

"သစ်သားတုံးကြီး!"

ရှီးဝမ် ဝမ်မုန့်စွင်းအား ရိုက်ပုတ်တော့သည်။

"၅လ ၅လ ၅လ..... ခင်ဗျားဘာဖြစ်လို့ ကျွန်တော့်ကို လာမတွေ့တာလဲ? ဟင်? ဘာဖြစ်လို့လဲလို့?"

သူ့ကို စိတ်ကြိုက်ရိုက်ပုတ်နေတဲ့ လက်ကလေးနှစ်ဖက်ကို ဝမ်မုန့်စွင်း ဖမ်းဆုပ်၍ ထိုကလေးအား ရင်ခွင်ထဲ ဆွဲသွင်းဖက်ထားလိုက်တော့သည်။ လူငယ်လေးက သေးသေးလေးမို့ သူ့ရင်ခွင်ထဲ မြှုပ်နေအောင် ဖက်ထားလို့ရသည်။

ရင်ခွင်ထဲ ရောက်သွားတော့မှ အစိမ်းနုရောင် လူသားလေးမှာ ငြိမ်သွားတော့သည်။ သူသည် ဝမ်မုန့်စွင်းရဲ့ ပုခုံးပေါ် မေးတင်ထားလျက် နှုတ်ခမ်းကိုလည်း ဆူထားလေ၏။

သူ့ပုံစံမှာ ဒေါင်းအိမ်တော် အစည်းအဝေးမှာတုန်းက တွေ့ခဲ့တဲ့ တည်ငြိမ်တဲ့ သိုင်းပညာရှင်နှင့် နည်းနည်းမှမတူတော့။ အခုအချိန်မှာတော့ ဝမ်မုန့််စွင်းကို ကပ်ချွဲနေတဲ့ ကလေးလေးနဲ့သာ တူတော့သည်။

"ဟုတ်ပါပြီ ကိုယ်မှားပါတယ်.... ခွင့်လွှတ်နော်...."

ဝမ်မုန့်စွင်း ထိုကလေးရဲ့ကျောကို ပွတ်သပ်၍ ချော့မြူ့ရသည်။

"ကိုယ်ဒီဘက်ကို ပြန်ရောက်ရောက်ချင်း လာမလို့ပါပဲ... ဒါပေမဲ့ ဒီဘက်မှာ ကိုယ့်တပည့်တွေက ပြဿနာတက်နေတော့ သူတို့ကို အရင်ကူညီနေလို့ ကြာသွားတာပါ.... ခွင့်လွှတ်နော်"

"ဟွန့်!"

ရှီးဝမ် အကြောင်းပြချက်တွေ အများကြီး မကြားချင်တော့တာကြောင့် သူ့ခေါင်းကို ထိုလူ့ရင်ခွင်ထဲ ထည့်ထားလိုက်သည်။

"အိမ်မှာ အကြီးအကဲ၂က ကျွန်တော့်ကို ဟိုမိန်းမနဲ့ လက်ထပ်ပေးဖို့ အဖေနဲ့အမေကို ခဏခဏ နားချနေတာ.... ကျွန်တော် ခင်ဗျားကို သဘောကျတာ အမေတို့သိပေမယ့် ခင်ဗျားဘက်က သစ်သားတုံးကြီးလို လုပ်နေတော့ အမေကလည်း အဲ့မိန်းမနဲ့ ပေးစားဖို့ လုပ်နေတာပေါ့လို့"

"မိန်းကလေးရှန့်လား?"

"ဟုတ်တယ်"

"ဂိုဏ်းချုပ်ရှီးက ဘာပြောလဲ?"

Controlling not to love you (OC) Completed Where stories live. Discover now