🍄Part (87)🍄ရောဂါဆန်းတစ်ခု

753 91 0
                                    

Controlling not to love you

🍄(87)🍄
[ရောဂါဆန်းတစ်ခု]

"ဧကရာဇ်နဲ့ ဧကရီကို ဂါဝရပြုပါတယ်"

အမတ်မင်းနှင့် အဝါရောင်ဝတ်ရုံကို ခြုံထားသော မိန်းကလေးတို့သည် အလွန်ရိုးနွံစွာ နှုတ်ဆက်လာသော်လည်း လာရင်းအကြောင်းကို သဘောပေါက်ထားတဲ့ ရှင်ထန့်ဟောင်ဟာ ထိုအမတ်မင်းကို ခေါင်းမော့ခိုင်းဖို့ စိတ်မပါတော့။

"ဘာကိစ်စလဲ?"

"ဧကရာဇ်ကို ဖြေကြားပါတယ်....ကျွန်တော်မျိုးက ကျွန်တော်မျိုးရဲ့ တရားဝင်ဇနီးက မွေးဖွားတဲ့ သမီးရတနာကို ဧကရာဇ်ထံ ဆက်ကပ်ဖို့ ဆန္ဒရှိကြောင်းပါ"

အမတ်မင်းက တော်ဝင်စာကြည့်ဆောင်ရဲ့ ခြံဝန်းထဲမှာ​တောင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာလိမ့်မယ်လို့ မထင်ထားတာကြောင့် ပေကောလွီ အံ့အားသင့်သွားသည်။ အမတ်မင်းနှင့် မိန်းမပျိုလေးတို့မှာ ဧကရာဇ်ဆီက ဘာသံမှ မကြားရသေးပေမယ့် ခေါင်းမမော့ရဲကြသေးပေ။

ပေကောလွီ ရှင်ထန့်ဟောင်ကို ကြည့်လိုက်သည်။ ရှင်ထန့်ဟောင်က အမတ်မင်းကိုသာ စူးစူးရဲရဲ စိုက်ကြည့်နေ၏။ သူတို့ကြားကလေထုဟာ နှင်းဖြူတွေထက်ပင် အေးစက်လာသယောင်။

ခဏကြာတော့ ရှင်ထန့်ဟောင်က ပြောလိုက်သည်။

"အမတ်မင်းက ဒီသမီးပျိုကို တော်ဝင်ကိုယ်လုပ်တော် ဖြစ်စေချင်တယ်ပေါ့"

"မှန်လှကြောင်းပါ"

"သူက ကိုယ်တော့်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာရင်တောင် ကိုယ်တော့်အတွက် ကလေးမမွေးပေးနိုင်ဘူးဆိုတာ အမတ်မင်း နားလည်ရဲ့လား...."

"အဲဒါက...."

"သူမမွေးနိုင်လို့ မဟုတ်ပါဘူး....သူ့ကိုဒီဧကရာဇ်က လုံးဝလှည့်ကြည့်မှာ မဟုတ်လို့ပဲ.... ဧကရာဇ်ဆီက မျက်နှာသာပေးမခံရမှတော့ သူနန်းတော်ထဲဝင်လာတာ ဘာအသုံးဝင်တော့မှာလဲ မဟုတ်ဘူးလား?"

"ဧကရာဇ်....ကျွန်တော်မျိုးက"

'ရွှမ်း.....'

ရုတ်တရက် ဘယ်နားကနေ ဆွဲထုတ်လိုက်သလဲ မသိသော ဓားတစ်လတ်သည် မိန်းမပျိုလေးရဲ့ မေးစေ့အောက်ကို ရောက်ရှိသွားသည်။ အမတ်မင်းမှာ အကြီးအကျယ် တုန်လှုပ်သွားသလို ပတ်ဝန်းကျင်က လူတွေကလည်း ဧကရာဇ်အမြတ်တော်ကို မရှစေချင်တာမို့ အားလုံး ဒူးထောက်ကြကုန်သည်။

Controlling not to love you (OC) Completed Where stories live. Discover now