🍄Part (40)🍄လုံးရှန်းဂိုဏ်းရဲ့နဂါးလက်သည်း

1.2K 142 1
                                    

Controlling not to love you

                              🍄40🍄
               [လုံးရှန်းဂိုဏ်းရဲ့နဂါးလက်သည်း]

ပေကောလွီသည် မျိုးနွယ်စုအခွဲဆိုပြီး အယောင်ဆောင်ထားခဲ့သော ရွာတစ်ရွာအကြောင်းကို ရှင်ထန့်ဟောင်အား ပြောပြဖို့အတွက် သူ့ရဲ့နန်းဆောင်ဆီကို အပြေးပြန်လာခဲ့သည်။ အခန်းထဲ ဝင်ခါနီးမှ သူထွက်မသွားခင်တုန်းက ရှင်ထန့်ဟောင် သွေးအန်ခဲ့တာကို ပြန်သတိရသွား၏။

ပေကောလွီ တံခါးကိုတွန်းဖွင့်၍ အထဲကို ပြေးဝင်သွားကြည့်လိုက်တော့ ရှင်ထန့်ဟောင်မှာ အိပ်ယာထက်တွင် စောင်ပင်မခြုံနိုင်ဘဲ ကွေးကွေးလေး ကွေးနေတာကို တွေ့လိုက်ရလေသည်။ ပေကောလွီ လန့်သွားသည်။

"ရှင်ထန့်ဟောင်......"

သူ အိပ်ယာထဲကလူဆီ ဒရောသောပါး ပြေးဝင်သွားပြီး အိပ်ယာဘေးတွင်ထိုင်ကာ ရှင်ထန့်ဟောင်နဖူးကို စမ်းကြည့်လိုက်သည်။ ကိုယ်ပူနေ၏။

"ရှင်ထန့်ဟောင်....."

ပေကောလွီ ထိုသူရဲ့လက်မောင်းတွေကို ကိုင်လှုပ်နှိုးကြည့်လိုက်သည်။ သူ့အသံကြားတော့ ရှင်ထန့်ဟောင် မျက်လုံးပွင့်လာ၏။

"လွီ....."

"ငါတောင်းပန်ပါတယ် ငါ ငါအစ်ကိုကြီးနဲ့ စကားပြောနေတာ အရမ်းကြာသွားတယ်.... မင်းခဏစောင့်နော် ငါမင်းအတွက် ရေအဝတ်သွားယူပေးမယ်"

"လွီ ကိုယ်ဘာမှမဖြစ်ဘူး"

"မင်း ကိုယ်တွေပူနေတယ်လေ"

ရှင်ထန့်ဟောင်ကို စောင်အောက်ထဲ ထည့်ပေးလိုက်ပြီးတော့ ရေဇလုံနဲ့ အဝတ်စကို ပြေးယူလိုက်သည်။ သူပြန်ရောက်လာတော့ ရှင်ထန့်ဟောင်သည် သူထားခဲ့တဲ့အတိုင်း တစ်နေရာမှ မရွေ့ပေ။

ပေကောလွီ သူ့ကိုယ်သူ အပြစ်တင်မိ၏။ သူ တုံ့ဖန်းတို့နဲ့ စကားပြောနေတာ ကြာသွားသည်။ အဲဒီအချိန်မှာ ရှင်ထန့်ဟောင်တစ်ယောက် ကူအဆိပ်နိုးကြွလာတာကို ဘယ်လောက်တောင် ခုခံနေရလိမ့်မလဲ။

အဆိပ်ကြောင့် သူ့အတွင်းအားနဲ့ မထိန်းနိုင်အောင် အဖျားတက်လာတဲ့အချိန် သူ့နာမည်ကို ခေါ်နေမလား။

Controlling not to love you (OC) Completed Where stories live. Discover now