🍄Part (3)🍄 ကျေးဇူးပြုပြီး မထိပါနဲ့

3.7K 392 5
                                    

Unicode
Controlling not to love you

                     🍄(3)🍄
           [ကျေးဇူးပြုပြီး မထိပါနဲ့]

"မင်းသား....."

       မလှမ်းမကမ်းမှာ ရပ်နေတဲ့ တင်ချွိုက် ထိတ်လန့်ကာ အော်လိုက်သည်။ ပေကောလွီ ဖျက်စီးပစ်လိုက်တာ ပေကောလွီ အနှစ်သက်ဆုံး ဗျတ်စောင်းပင်။

'ဝွီ......'

        တစ်စုံတစ်ယောက်က ကိုယ်ဖော့သိုင်းနဲ့ ပျံသန်းလာတဲ့ အသံကိုကြားတော့ ပေကောလွီရဲ့ဓားက ထိုသူဘက်ကို ချိန်ရွယ်ထားလိုက်သည်။

"အတင့်ရဲလိုက်တာ..... ဧကရာဇ်ကိုတောင် ဓားနဲ့ချိန်ရဲတယ်?"

        ရှင်ထန့်ဟောင်ဘေးမှ ဖူးရှုံးက အော်ပြောလိုက်သည်။ သို့ပေမယ့် ပေကောလွီရဲ့ ဒေါသကြောင့် နီရဲနေတဲ့ မျက်လုံးတွေက ရှင်ထန့်ဟောင် တစ်ယောက်တည်းအပေါ်မှာ ကျရောက်နေပြီး ဓားကိုလည်း လုံးဝမချ။

        ရှင်ထန့်ဟောင်က ရုတ်တရက် ပြုံးပြလာသောအခါ ပေကောလွီ သတိပြန်ဝင်လာ၍ ကြောင်အသွားသည်။ ထိုအချိန်တွင် ရှင်ထန့်ဟောင်က သူ့ဓားကို လက်နှစ်ချောင်းနဲ့ညှပ်ယူပြီး ဘေးကိုအသာလေး ဖယ်ချလိုက်သည်။

"ဘာတွေများ ဒေါသထွက်နေလို့ ဗျတ်စောင်းကိုတောင် ဖျက်စီးပစ်ရတာလဲ?"

        ပေကောလွီ ပြန်မဖြေ။ သူကဓားကို တင်ချွိုက်ထံကို ပစ်ပေးလိုက်ပြီး လောကဝတ်အရ ဧကရာဇ်ကို ဂါဝရပြုလိုက်သည်။ ပြီးနောက် ချက်ချင်းပဲ လှည့်ထွက်ရန် ကြံရွယ်၏။ ရှင်ထန့်ဟောင်က ဇတ်ဆို သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလာတဲ့အခါ ပေကောလွီ ခြေလှမ်းတွေလည်း ရပ်သွားခဲ့သည်။

"ကြင်ယာတော်မင်းသားက ကိုယ့်ကိုစိတ်ဆိုးနေတုန်းထင်တယ်"

        ပေကောလွီ သူ့လက်ကို နည်းနည်းလောက် ရုန်းကြည့်သည်။ ရှင်ထန့်ဟောင်ကလည်း သူရုန်းမှာကို ကြိုသိနေသည့်အလား ခပ်တင်းတင်း ဖမ်းဆုပ်ထားတာကြောင့် သူ့မှာ နည်းနည်းလေးတောင် လှုပ်လို့မရ။

        ရှင်ထန့်ဟောင်ရဲ့လက်က တကယ်ကို သန်မာသည်။ အရာအားလုံး ရှင်ထန့်ဟောင်က သူ့ထက်သာ၏။ သိုင်းပညာကော စစ်ပညာမှာကောပဲ။

Controlling not to love you (OC) Completed Where stories live. Discover now