Controlling not to love you
🍄44🍄
[ဧကရာဇ်တစ်ပါးဟုတ်ရဲ့လား]"ရှင်ထန့်ဟောင်..... အဲဒီအရာတွေက တကယ်ပဲ အစ်မကိုခေါ်သွားတာလား?"
ပေကောလွီ စိတ်ထဲမတင်မကျ ဖြစ်နေတာကြောင့် မေးလိုက်သည်။ သူ့ရှေ့မှာ ရှင်ထန့်ဟောင်က ထိန်ထိန်သာနေတဲ့ လမင်းကို ခံစားချက်မဲ့စွာ မော့ကြည့်နေ၏။
သူတို့ ခရီးထွက်စရာရှိတာကြောင့် တုံ့ဖန်းတို့က ပြင်ဆင်နေကြပြီ။ ထို့ကြောင့် သူတို့လည်း အခန်းထဲကို ပြန်လာခဲ့ကြသည်။ ပြန်ရောက်ကတည်းက ရှင်ထန့်ဟောင်သည် ပြတင်းပေါက်ဘောင်လက်ရမ်းပေါ်ကို တက်ထိုင်ထားပြီး မျက်ဝန်းတွေကလည်း လကိုသာ ငေးစိုက်ကြည့်နေသည်။
စကားလည်း မဆိုပေ။
သို့နှင့် ပေကောလွီ သူကိုယ်တိုင်ပဲ ထိုသူအနားကို သွားလိုက်သည်။
"ထန့်ဟောင်.... မင်းဘာတွေတွေးနေတာလဲ?"
သို့မှသာ ရှင်ထန့်ဟောင် သူ့ဘက်ကို ဦးလှည့်လာ၏။ လရောင်အောက်မှာ တစ်စုံတစ်ယောက်ရဲ့ မျက်လုံးတွေဟာ အတွေးထဲနစ်နေခဲ့ကြောင်း ပြသနေသည်။ ထိုသူက ပေကောလွီကို လက်ဆွဲ၍ သူနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်စေ၏။
"လွီ..... ကိုယ်မင်းကို ပြောသင့်လား မပြောသင့်လား မသိဘူး.... ဒါပေမဲ့ ကိုယ်ကတော့ သူကဘယ်သူပဲဖြစ်နေပါစေ မင်းကိုထိခိုက်ခွင့်ပေးမှာ မဟုတ်ဘူး"
ရှင်ထန့်ဟောင်ရဲ့စကားက သူ့ကို ရင်ခုန်သွားစေသည်။ ပေကောလွီ မျက်တောင်လေးများ ပုတ်ခတ်လိုက်၏။ အဲဒီစကားတွေက သူ့ကိုစိတ်လှုပ်ရှားသွားစေသလို တစ်စုံတစ်ခုကိုလည်း သဘောပေါက်သွားစေသည်။
"မင်း..... မင်း အစ်မ၆ကို ပြောနေတာလား?"
"အင်း"
"သူမက ဘာဖြစ်လို့လဲ? "
"ကိုယ်တို့ ဝါးရုံတောရွာမှာ မင်းသတိလစ်နေတဲ့ အချိန်တုန်းက ခဏစကားပြောဖြစ်တယ်.... သူက မင်းအကြောင်းတွေကို ပြောပြတာ ဒါပေမဲ့ ကိုယ်တစ်ခု ခံစားမိတာက သူ့ရဲ့ကိုယ်ငွေ့ပဲ"
ပေကောလွီ မျက်မှောင်ကျုံ့သွား၏။
"ဘာပြောတယ်?"
YOU ARE READING
Controlling not to love you (OC) Completed