🍄Part (42)🍄 မျှော်လင့်ချက်ကလေး

1.1K 138 2
                                    

Controlling not to love you

                                🍄42🍄
                [မျှော်လင့်ချက်ကလေး]

သစ်သားနံရံ အပျက်အစီးတွေကြားမှ လူသည် သူ့ကျောဘက်မှာ လူနှစ်ယောက် ရပ်နေကြောင်း သိလိုက်ရသည်နှင့် ကြမ်းပြင်ကို လက်ဝါးဖြင့်ပုတ်ပြီး ဂျွန်းထိုး၍ သူ့ကိုယ်သူ ပြန်ထူလိုက်သည်။

သူက ပေကောလွီတို့ဘက်သို့ လှည့်အကြည့်တွင် အခန်းထဲကနေ သူ့ကိုကန်ထုတ်လိုက်သော လူက သူ့အားအလွတ်မပေးဘဲ ထပ်မံတိုက်ခိုက်လာ၏။ ငွေရောင်ဓားက ဦးစွာ ထွက်ပေါ်လာသည်။

'ထန်း.....'

မှဲ့ကြီးနဲ့လူကလည်း သူ့၏သံလက်အိတ်ဖြင့် တစ်ဖက်လူ၏ ဓားကို ပုတ်ထုတ်လိုက်သည်။ ထို့နောက်သူတို့နှစ်ယောက် သိုင်းကွက်တော်တော်များများ ဖလှယ်ကြ၏။ မှဲ့ကြီးနဲ့လူကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသူမှာ မျက်နှာကို ဖုံးကွယ်ထားတဲ့ အမျိုးသမီးတစ်ဦးပဲ ဖြစ်သည်။

ထိုအမျိုးသမီးသည် ဓားကို တစ်ချက်နှစ်ချက် ဝေ့ယမ်းပြီး အတွင်းအားကို ဓားအတွင်းစီးဝင်စေကာ မှဲ့နဲ့လူဘက်သို့ လွှဲယမ်းလိုက်ပေသည်။ မှဲ့နဲ့လူကလည်း ကျွမ်းကျွမ်းကျင်ကျင် ရှောင်လိုက်သည်။

သို့သော် မထင်မှတ်ဘဲ သူ့မှာနောက်ထပ် ရန်သူတစ်ယောက် ထပ်တိုးလာခဲ့သည်။

'ဝှစ်.....'

ရုတ်တရက် ဖြတ်ဝင်လာတဲ့ ဓားတစ်လတ်။ မှဲ့နဲ့လူလည်း ပျာယာခတ်သွား၏။ သို့သော် သူ့ရဲ့တိုက်ကွက်တွေကတော့ ကောင်းနေဆဲ။ သူက ပေကောလွီကို ရန်သူအဖြစ် သတ်မှတ်လိုက်ပြီး တန်ပြန်တိုက်ခိုက်တော့သည်။

ရှင်ထန့်ဟောင် လက်သီးဆုပ်ကာ မျက်တောင်မခတ်ရဲဘဲ စူးစိုက်ကြည့်နေ၏။ နှင်းဆီဆောင်ကြာမြိုင်၏ အပေါ်ထပ်သည် ဧည့်သည်များ သီးသန့်ဝန်ဆောင်မှုပေးရန် အခန်းများစွာရှိသည်။ ပေကောလွီတို့ မှဲ့ကြီးနဲ့လူနှင့် တိုက်ခိုက်ရင်း ဆောင်ကြာမြိုင် အပြင်ဘက်သို့ ရောက်ရှိသွားသည်။

ပေကောလွီသည် တစ်ဖက်လူကသူ့အား လက်သီးတစ်လုံး ပစ်ကျွေးလာတာကြောင့် သူ့ဘက်ကလည်း လက်ဝါးဖြင့် ပြန်ခုခံလိုက်သည်။

Controlling not to love you (OC) Completed Where stories live. Discover now