🍄Part (74)🍄အကောင်းဆုံးအမှတ်တရ

836 98 1
                                    

Controlling not to love you

🍄74🍄
[အကောင်းဆုံးအမှတ်တရ]

ပြဿနာ ရှင်းသွားပြီးသောအခါ ချင်းသွမ့်သည် သူ့ရဲ့ဖွဲအိတ်ကလေးကို ပွေ့သယ်ကာ တည်းခိုခန်းဘက်ကို ပြန်လာခဲ့သည်။

"ငါတို့ဒီရောက်နေတာ ၃ရက်လောက်တော့ရှိပြီ.... လျန်းဟူတောင်ကနေ စထွက်ကတည်းက ငါတို့ဒီကို တိုက်ရိုက်လာခဲ့တာ"

တည်းခိုခန်းက အဆင့်မြင့်မြင့်နဲ့ ကျယ်ဝန်းကာ နန်းတော်က မှူးမတ်တစ်ယောက်ရဲ့ အခန်းကဲ့သို့ တောက်ပြောင်လှသည်။ ရှင်ထန့်ဟောင်တို့ စားပွဲမှာထိုင်နေရင်း ချင်းသွမ့်ပြောတာကို နားထောင်နေကြသည်။

ချင်းသွမ့်က ဆက်ပြော၏။

"ရှစ်ဖူတို့လည်း မကြာခင်ရောက်လာတော့မယ်.... မြောက်နန်းသခင်မရဲ့ လူတွေကို တစ်လမ်းလုံး တွေ့လာရတာတဲ့"

ရှင်ထန့်ဟောင် - "မြောက်နန်းသခင်မက လုံးရှန်းတောင်ကို ရောက်နေပြီ မဟုတ်လား"

"ဟုတ်တယ်... ငါလည်း အဲ့လိုကြားတယ်"

ဒါက ဖြစ်သင့်တဲ့ကိစ္စမလို့ ပေကောလွီလည်း သိပ်မအံ့သြမိ။ မြောက်နန်းသခင်မရဲ့ ခန္ဓာကိုယ်သည် အတွင်းအားတချို့ကို ကန့်သတ်ထားရတဲ့အတွက် သူမက သိုင်းပညာကို အဆင့်ထက်တက်ချင်ရင်တောင် တက်လို့မရ။ ဒါကြောင့် သူမသည် ရွှေလက်ချောင်းသိုင်းကျမ်းကို လိုအပ်သည်။

ရွှေလက်ချောင်း သိုင်းကျမ်းသည် ထူးဆန်းအံ့သြဖွယ်ကောင်းလို့ သူမကို ကူညီပေးနိုင်မယ်လို့ ထင်နေသည်။ နောက်တစ်ခုကတော့ သူမသည် ကျန်းတင့်ဓားကို သူမခင်ပွန်းအတွက် ယူပေးချင်နေ၏။

မြောက်နန်းသခင်မက သူမယောကျ်ား ဂိုဏ်းချုပ်စီအတွက် ကျန်းတင့်ဓားကို လိုချင်တယ်လို့ ဆိုလိုက်တာကြောင့် ချင်းသွမ့်သည် တအံ့တသြ မျက်လုံးပြူးထားလေသည်။ ပေကောလွီ နားမလည်ပါ။

မြောက်နန်းသခင်မက သူမယောကျ်ားကို အရမ်းချစ်တာကြောင့် ဒီလိုလုပ်ပေးတာက မထူးဆန်းဘူးမဟုတ်လား။

"အစ်ကို၄.... ဘာလို့အဲ့လိုကြီး ကြည့်နေတာလဲ.... တစ်ခုခုဖြစ်လို့လား"

Controlling not to love you (OC) Completed Where stories live. Discover now