🍄Part (58)🍄တင်းမာနေသောလေထု

976 106 2
                                    

Controlling not to love you

                            🍄58🍄
             [တင်းမာနေသောလေထု]

သိုင်းလောက အစည်းအဝေးကို လေးနှစ်တစ်ခါ ပြုလုပ်တတ်သည်။ အများအားဖြင့် သိုင်းလောကမှာ နာမည်ကြီးပြီး အရှိန်အဝါလည်းကောင်းတဲ့ သိုင်းဆရာကြီးများက ဦးဆောင်တတ်လေသည်။

ယခုတစ်ကြိမ်တွင်တော့ နန်ရှီးမြို့က သိုင်းဆရာကြီးတစ်ယောက်၏ အိမ်တော်တွင် ကျင်းပ၏။ အရင်တစ်ခေါက်ကထပ် နှစ်လစောနေရာ ထိုအကြောင်းက ရုပ်သေးရုပ်တွေ ပေါ်လာခဲ့လို့ ဖြစ်သလို သိုင်းလောကရဲ့ နာမည်ကြီး အန်းသခင် သေဆုံးမှုကြောင့်လည်း ဖြစ်နိုင်သေးသည်။

နန်ရှီးတွင် သိုင်းလောက အစည်းအဝေး ရှိတာကြောင့် မြို့ထဲတွင် သိုင်းသမားတွေ ခြေရှုပ်နေကြကာ ပုံမှန်ထက် လူဦးရေ များပြားနေသည်။ ဒေါင်းအိမ်တော်တွင်တော့ ထိုထက်ပင် ဆိုးနေ၏။

ဂိုဏ်းအသီးသီး၊ မိသားစုအသီးသီးက သိုင်းဆရာကြီးတွေ သာမက သိုင်းပညာကို လေးစားပြီး အစည်းအဝေးအကြောင်း စိတ်ဝင်စားကြသော လူငယ်သိုင်းသမားတွေလည်း ရောက်နေကြပြီ။

မြေအောက်ဂူသင်္ချိုင်းမှာတုန်းက ကပ်သီးကလေး လွတ်မြောက်သွားသော ချန်းမိသားစုမှ သားအဖနှစ်ယောက်လည်း ​ပါဝင်၏။ နောက်ထပ် ပေကောလွီတို့နှင့်အတူ လွတ်မြောက်လာသော မြွေနက်ဂိုဏ်းက လင်ရှစ်နှင့် သူ့ဆရာလည်းရှိသည်။

ဒေါင်းအိမ်တော်၏ အကြီးအကဲ ပုယန်ကျန်းသည်တော့ စားသောက်စားပွဲများ စီရီထားသော ခန်းမအရှည်ကြီး၏ ထိပ်ဆုံးတစ်နေရာတွင် နေရာယူထားသည်။ ပုယန်ကျန်း နှင့် မျက်စောင်းထိုးတွင်ရှိ စားပွဲဝိုင်းမှာတော့ ဂိုဏ်းချုပ်စီထောင်နဲ့ သူ့ရဲ့ဇနီး မြောက်နန်းသခင်မတို့ ထိုင်နေ၏။

မြောက်နန်းသခင်မ - "အကြီးအကဲပု.... ကျွန်မတို့ အစည်းအဝေး စသင့်ပြီလို့ မထင်ဘူးလား?"

ပုယန်ကျန်းက ပြုံးသည်။

"လူတစ်ယောက် ကျန်သေးလို့ မြောက်နန်းသခင်မ ခဏလောက် သည်းခံပေးပါ"

မြောက်နန်းသခင်မ - "ဟင့်! ဘယ်သူမလို့ အဲ့လောက်အထိ ကြာနေတာလဲ? အားလုံး လူစုံသလောက် ဖြစ်နေပြီလေ သူမလာလောက်တော့ဘူး..... အကြီးအကဲပုက အနုတ်စုတ်ဂုတ်စုတ် လူကို ဖိတ်ထားတာတော့ မဟုတ်ဘူးမလား?"

Controlling not to love you (OC) Completed Where stories live. Discover now