🍄Part (55)🍄ခေါင်းတလားထဲကသူမ

1K 127 2
                                    

Controlling not to love you

                              🍄55🍄
                [ခေါင်းတလားထဲကသူမ]

ချန်းမိသားစုနှင့် အဖြူရောင်မျက်နှာဖုံးရှင် မိန်းကလေးတို့ တိုက်ကွက်ပေါင်းများစွာ ဖလှယ်ခဲ့ကြသော်လည်း ချန်းချွေးမှာ သူ့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ ကျောက်ရေလည်ဆွဲကို မယူနိုင်သေးပေ။

ချော်ရည်ရဲ့အရောင်ကြောင့် ဘေးပတ်လည်မှာ အလင်းရောင်ကောင်းကောင်း ရရှိသည်။ ချန်းချွေးတို့ တိုက်ခိုက်နေကြတဲ့ အချိန်မှာ တံတားတစ်ဖက်မှာ လူတစ်စု ပေါ်လာ၏။

"အန်းပင်းရန် ရောက်လာပြီ"

လီရန်လော့ရဲ့ သတိပေးသံကို ကြားရသည်။ ပွဲကြည့်ပရိတ်သတ်များ တစ်ပြိုင်တည်း တံတားဘက်ကို အကြည့်လွှဲလိုက်ကြသောအခါ အန်းပင်းရန်နဲ့ သူ့လူသုံးယောက်သည် ဒီဘက်ကို ပြေးလာနေတာ မြင်လိုက်ရသည်။

ချန်းစစ် - "အဖေ သူတို့တွေ ရောက်လာကြပြီ"

အန်းပင်းရန် ရောက်လာတဲ့အကြောင်း ကြားရသောအခါ ချန်းချွေးရဲ့ သိုင်းကွက်များ ပိုမိုရက်စက် ပြင်းထန်လာ၏။ ဤသည်မှာ သူတို့နှစ်ယောက်လုံးရဲ့ ရည်ရွယ်ချက်က ကျောက်ရေလည်ဆွဲ ဆိုတာကို မီးမှောင်းထိုးပြသလို ဖြစ်သွားသည်။

ထိုအချိန်တွင် အန်းပင်းရန်တို့ကလည်း ချော်ရည်အိုင်ရဲ့ တစ်ဖက်က တောင်ကုန်းပေါ်ကို ရောက်လာကြပြီ။ အန်းပင်းရန်နဲ့ သူ့လူလေးယောက် တောင်ကုန်းပေါ်ကို ​ခြေချလိုက်သည်နှင့် ငွေရောင်ဓားတစ်လတ်ဟာ အန်းပင်းရန်ထံ ပစ်ဝင်လာ၏။

ထိုအခါ အနက်ရောင် မျက်နှာဖုံးနဲ့လူက ဓားကို ဝင်ကာလိုက်သည်။

'ဝုန်း.....'

ဓားက အတွင်းအားလှိုင်းတစ်ခုနဲ့ ပြေးလာတာကြောင့် အနက်ရောင်မျက်နှာဖုံးမှာ ခြေတစ်လှမ်းပင် ဆုတ်ပေးလိုက်ရ၏။ သူက တိုက်ခိုက်လာသူဟာ ဘယ်သူလဲ သိနေသည့်အလား ချက်ချင်းပဲ ရှင်ထန့်ဟောင်ဘက်သို့ စိုက်ကြည့်လိုက်သည်။

ထို့နောက် သူက ပင်းကော်လီနဲ့ အန်းယွင်ဘက်သို့ ကြည့်သည်။

"အန်းလူကြီးမင်း.... ခင်ဗျားလိုချင်နေတဲ့ သစ္စာဖောက်တွေက ဒီမှာ...."

Controlling not to love you (OC) Completed Where stories live. Discover now