🍄Part (23)🍄မသိမသာဂရုစိုက်ပေးခြင်း

1.5K 188 0
                                    

Controlling not to love you

                               🍄 23🍄
                  [မသိမသာဂရုစိုက်ပေးခြင်း]

လုပ်ကြံသူများက တည်းခိုခန်းရဲ့ ပြတင်းပေါက်ငယ်တွေဆီကနေလည်း အသီးသီး ခုန်တက်လာကြသည်။ ခဏအတွင်း သူတို့ရဲ့ အခန်းလေးထဲတွင် ဓားရှည်တွေ ကိုင်ဆောင်ထားသော လူဆိုးတွေနဲ့ ပြည့်သွား၏။

ပေကောလွီ သူ့လက်ချောင်းလေးနဲ့ ရှင်ထန့်ဟောင်ရဲ့လက်ကို ကုတ်လိုက်သည်။

"အတူတူတိုက်မယ် လက်လွှတ်....."

ရှင်ထန့်ဟောင် လက်လွှတ်လိုက်တဲ့အခါ ဝိုင်းထားတဲ့လူတွေ သူတို့ကို စတင်တိုက်ခိုက်လာကြသည်။ ပေကောလွီ ဓားပင်ဆွဲထုတ်မနေဘဲ ရန်သူ၏လက်ကောက်ဝတ်များကို လက်ဝါးဖြင့် တိုက်ခိုက်လိုက်သည်။

ချိုးဖျက်လက်ဝါးသိုင်းကို ကျင့်နေတာ အတော်လေး ခရီးရောက်လာပြီမို့ ရန်သူတွေရောက်လာတာက သူ့ကိုလေ့ကျင့်ဖို့ ကူညီပေးလိုက်သလိုပဲ။ တစ်ဖက်မှာတော့ ရှင်ထန့်ဟောင်သည် အသေးစားလေးတွေကို သုတ်သင်ပြီးလို့ ပေကောလွီကိုပင် လာကူညီနေပြီ။

လူဝကြီးရဲ့ မျက်နှာက မည်းမှောင်သွားသည်။ သူက သူ၏လေးလံ၍ကြီးမားသော ဓားရှည်ကြီးကို ဝေ့ယမ်းကာ ပေကောလွီရဲ့ လည်ပင်းကို ဦးတည်လာ၏။

'ဝုန်း.......'

အတွင်းအားလှိုင်းတစ်ခု ဖြတ်ဝင်လိုက်ကာ လူဝကြီးရဲ့ဓားက နှစ်ပိုင်း ပြတ်သွားသည်။ ဓားကျိုးက အတွင်းအားတစ်ခုကြောင့် အပေါ်ကို လွင့်တက်သွား၏။ ရှင်ထန့်ဟောင် သူ့လက်ဝါးကို ရုတ်သိမ်းကာ ပြန်ကျလာတဲ့ ဓားကို ခြေထောက်လွှဲ၍ ကန်ပစ်လိုက်သည်။

ဓားက လူဝကြီးရင်ဝတွင် စိုက်သွားသည်။

"အား......."

အားက မသေးတာကြောင့် လူဝကြီးသည် နံရံကိုဖောက်ထွက်သွားကာ အခန်းအပြင်အထိ လွင့်သွား၏။

"သွားစို့"

ရှင်ထန့်ဟောင် အဝတ်အိတ်ကို လျင်မြန်စွာ စလွယ်သိုင်း၍ ပေကောလွီကို လက်တစ်ဖက်ကဆွဲလျက် အခန်းအပြင်ကို ပြေးထွက်လာလိုက်သည်။ သူတို့နှစ်ယောက် လှေကားအဆင်းကို ရောက်ရင်ပဲ အောက်ထပ်က စားပွဲဝိုင်းတစ်ခုတွင် လူတစ်ယောက်ကို တွေ့လိုက်ရပေ၏။

Controlling not to love you (OC) Completed Where stories live. Discover now