🍄Part (73)🍄နောင်တမရတော့ပြီ

844 94 0
                                    

Controlling not to love you

73🍄
[နောင်တမရတော့ပြီ]

"အရမ်းစိတ်မပူပါနဲ့.... ဒီအဆိပ်လောက်က နည်းနည်း ဖျားရုံလောက်ပါပဲ မပြင်းထန်ပါဘူး ဆေးထည့်ပြီး ခဏအိပ်လိုက်ရင် သက်သာသွားမှာ....."

"ကိုယ်မင်းကိုစိတ်ပူလို့ သေတော့မှာပဲ လွီရယ်....."

ပေကောလွီ ရှင်ထန့်ဟောင်မေးဖျားလေးကို မော့နမ်းလိုက်သည်။

"ထန့်ဟောင်... ဒီဘဝတော့ မင်းကိုချစ်ရတာ ငါနောင်တမရတော့ဘူး"

"ဘယ်လို....."

ရှင်ထန့်ဟောင် နားမလည်စွာ ငုံ့ကြည့်လိုက်တော့ ပေကောလွီသည် သူ့လည်တိုင်ကိုမှီလျက် ငြိမ်သက်နေသည်။ အဆိပ်ရဲ့ အကျွင်းအကျန်ကြောင့် ပေကောလွီ အဖျားစတင်စပြုလာပြီ။ ရှင်ထန့်ဟောင်လည်း ပျာယာခတ်သွားပြီး ပေကောလွီဒဏ်ရာကို မြန်မြန်ဆေးထည့်ပေးလိုက်သည်။

ပေကောလွီက သူအထိမခံချင်ဆုံး ကြွေရုပ်ကလေး။ ဒဏ်ရာရသွားမှာ စိုးရိမ်လွန်းလို့ အမြဲတမ်း သူကပဲ ရှေ့တက်ပေးနေခဲ့တာ။ ဒါပေမဲ့ အခုတော့ သူမျက်စိရှေ့မှာပဲ ဒဏ်ရာရသွားခဲ့တယ်တဲ့။

ပေကောလွီ သူ့ကိုယ်သူ ဘယ်လောက်ကြာကြာ သတိလစ်နေမိလဲမသိ။ သူသတိရလာတော့ ပင်လယ်ဆိပ်ကမ်းဘက်ကို ထွက်ခွာနေတဲ့ သင်္ဘောပေါ် ရောက်နေပြီ။ သင်္ဘောက ပင်လယ်ဆိပ်ကမ်းဘက်ကို ရေစီးကြောင်းအတိုင်း စုန်ဆင်းနေသည်။

သင်္ဘောက မကြီးသော်လည်း အခန်းတွေတော်တော်များများတော့ ပါဝင်ပေသည်။ ရှင်ထန့်ဟောင်တို့ အခန်းတစ်ခန်း ရလိုက်ပြီး အိပ်ခန်းထဲက ကုတင်ပေါ်မှာတော့ ပေကောလွီကို သက်တောင့်သက်သာ လှဲလို့ရအောင် လုပ်ပေးထား၏။

ပေကောလွီ နိုးနိုးချင်း အခန်းထဲကို ရှာဖွေကြည့်သော်လည်း ရှင်ထန့်ဟောင်ကို မတွေ့ရချေ။ သူထပြီး အခန်းတံခါးကို ဖွင့်မယ်လုပ်တော့ အပြင်ဘက်ကနေ ရှင်ထန့်ဟောင်က တံခါးကိုဖွင့်လိုက်သည်။

"ထန့်ဟောင်...."

"သတိရလာပြီလား.... ဒီမှာ မင်းအတွက် ကြက်သားဆန်ပြုတ် သွားယူလာပေးတာ ပူတုန်းသောက်လိုက်"

Controlling not to love you (OC) Completed Where stories live. Discover now