🍄Part (18)🍄ကိုယ့်ရဲ့အနမ်းကိုမင်းတုံ့ပြန်လိုက်တယ်

2.2K 228 0
                                    

Controlling not to love you

                            🍄18🍄
         [ကိုယ့်ရဲ့အနမ်းကိုမင်းတုံ့ပြန်လိုက်တယ်]

        ပေကောလွီ ပုံတူပန်းချီ စာရွက်အထပ်လိုက်ကို လက်တစ်ဖက်က ကိုင်ထားလျက် နောက်တစ်ဖက်က မဲ့မည်းမည်းကြီး ပါသောသူ၏ ပုံတူကို ကိုင်ထားလေ၏။ ပေကောလွီ သေသေချာချာ စိုက်ကြည့်မိလေ ဒီလူကို သူရင်းနှီးလာလေပင်။

         မိခင်နဲ့ဘယ်လို သိကျွမ်းခဲ့သလဲ အတွင်းကျကျ မသိရသော်လည်း ဤသူသည် ကောင်းသောစိတ်ထား မရှိတာကိုတော့ ပေကောလွီ သိ၏။ စားပွဲဘေးတွင် ဒူးတစ်ဖက်ထောင်လျက် ပုံတူကို စိုက်ကြည့်နေချိန်တွင် ရှင်ထန့်ဟောင် ပြန်ရောက်လာသည်။

        ပေကောလွီ၏ တိတ်ဆိတ်နေပုံကြောင့် သူအနှောက်အယှက် မပေးလို။ ထို့ကြောင့် သူတိတ်တိတ်ဆိတ်ဆိတ် ချဥ်းကပ်သွားလိုက်သည်။ ပေကောလွီရဲ့ မျက်အိမ်ကလေး ထောင့်ကိုကပ်သွားသည်။

        ရှင်ထန့်ဟောင် ရောက်လာတာကို သူသိသည်။ ဒီကိုယ်သင်းနံ့ကို သူလုံးဝမေ့မှာမဟုတ်။ ပေကောလွီ မတ်တတ်ထရပ်လိုက်သည့်အခါ သူတို့နှစ်ယောက် မျက်လုံးချင်း ဆုံသွားသည်။ ရှင်ထန့်ဟောင်က ချစ်ရည်ရွှန်းလဲ့စွာ ပြုံးပြ၏။

"ကိုယ်ပြန်လာပြီ"

         ပေကောလွီ ခေါင်းသာညိတ်ပြလိုက်သည်။ သူ့ရဲ့ဒီလို မကြာခဏ နှုတ်ဆိတ်စွာ ဖြေကြားမှုကို ရှင်ထန့်ဟောင်လည်း ကျင့်သားရနေပါပြီ။ ပေကောလွီရဲ့ အေးတိအေးစက် ဂရုမစိုက်တတ်တဲ့ ပုံစံလေးကလည်း ချစ်ဖို့ကောင်းတာပဲလေ။ တစ်သတ်လုံး မေ့လို့ရမှာ မဟုတ်တော့တဲ့ အမှတ်တရပဲ။

         ရှင်ထန့်ဟောင် အဖြူရောင် စာရွက်တွေကို ငုံ့ကြည့်လိုက်သည်။

"ကျိုးပါးကုန်သည်တွေလား?"

"အင်း.... ဖူးရှုံးက ဘာပြောလဲ?"

"အမတ်ကျူကိစ္စကို အမတ်ချုပ်ကြီးက ဖြေရှင်းနေပြီမလို့ စိတ်ချထားဖို့ လာပြောတာ.... ပြီးတော့ သံတမန်ကလည်း မကြာခင် ကျိုးပါးစခန်းကို ရောက်တော့မှာဆိုတော့ အခြေအနေ သိရတော့မယ်.... ကျိုးပါးဘက်က ငြိမ်းချမ်းရေးကို လက်မခံဘူး ဆိုရင်တော့ ကိုယ်ကိုယ်တိုင် စစ်တိုက်ထွက်ရမယ်"

Controlling not to love you (OC) Completed Where stories live. Discover now