🍄Part (50)🍄ဒုတိယအကြိမ်ပြီးနောက်

1K 118 1
                                    

Controlling not to love you

                               🍄50🍄
              [ဒုတိယအကြိမ်ပြီးနောက်]

ပတ်ဝန်းကျင်သည် ငြိမ်သက်သွား၏။ ပေကောလွီရဲ့ အသိစိတ်သည် နာရီဝက်ခန့် ကြာမှသာ ပြန်လည်အသက်ဝင်လာကာ မျက်လုံးဖွင့်နိုင်လေသည်။ သူ့ကျောသည် အေးစက်သော ကျောက်ပြားကြီးနှင့် ထိစပ်နေပြီး သူ့ကိုယ်ပေါ်တွင်တော့ တစ်စုံတစ်ခုက ဖိထားတဲ့ အလေးချိန်လည်း ရှိနေသည်။

ပေကောလွီ မျက်လုံးဖွင့်ကြည့်လိုက်သော် သူ့ကိုယ်ဖိထားတာက ရှင်ထန့်ဟောင်မှန်း သိလိုက်ရ၏။ ညလင်းပုလဲလေးက သူ့ပေါ်က ရှင်ထန့်ဟောင်လိုပဲ သူတို့ဘေးမှာ ငြိမ်ငြိမ်သက်သက်ပင်။

"ထန့်ဟောင်....."

ညလင်းပုလဲကြောင့် ရှင်ထန့်ဟောင် နဖူးပေါ်က သွေးဒဏ်ရာကို မြင်ရ၏။

"ထန့်ဟောင်....."

ရှင်ထန့်ဟောင် မနိုးလာပေ။ ပေကောလွီလည်း ရှင်ထန့်ဟောင်ရဲ့ တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ကြီးကို ဘေးကိုအသာ တွန်းထုတ်လိုက်သည်။ ထို့နောက် ရှင်ထန့်ဟောင်ကို နံရံတွင် ကပ်ပေးလိုက်ကာ ဒဏ်ရာဘေးက သွေးတွေကို သန့်စင်ဖို့ ပြင်၏။

ရှင်ထန့်ဟောင် နဖူးတစ်ခုတည်းသာ ဒဏ်ရာ အနည်းအကျဥ်း ရပေမယ့် သူ့ခန္ဓာကိုယ်မှာတော့ ဒဏ်ရာသေးသေးလေးတောင် မရှိပေ။ ရှင်ထန့်ဟောင် သူ့ကို ကာကွယ်ပေးသွားခဲ့တာပဲ။

ပေကောလွီ သူ့အဝတ်တွေထဲက ဆေးဘူးသေးသေးလေး တစ်ဘူးကို ရှာဖွေထုတ်ယူလိုက်သည်။ ဒဏ်ရာအတွက် လိမ်းဆေးသည် နှင်းလိုဖြူစွတ်ပြီး အေးမြကာ ဒဏ်ရာသက်သာစေဖို့ အကောင်းဆုံး ဆေးတစ်လတ်လည်း ဖြစ်သည်။

နဖူးက သွေးတွေကို အဝတ်နဲ့ အသာသုတ်ပေးရပြီးတော့ ဆေးလိမ်းပေးလိုက်သည်။ ပေကောလွီ ဆေးလိမ်းပေးနေတုန်းမှာပဲ ရုတ်တရက် ရှင်ထန့်ဟောင် သတိရလာ၏။ ရှင်ထန့်ဟောင်က သူ့လက်ကောက်ဝတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ သူ့ကို ရန်သူတစ်ယောက်လို စူးစူးရဲရဲ စိုက်ကြည့်နေသည်။

ပေကောလွီ - "ထန့်ဟောင်..... ငါပါ"

"လွီ......"

"အင်း"

Controlling not to love you (OC) Completed Where stories live. Discover now