🍄Part (78)🍄မင်းကမိန်းကလေးမှမဟုတ်တာ

908 96 1
                                    

Controlling not to love you

🍄78🍄
[မင်းကမိန်းကလေးမှမဟုတ်တာ]

'ရွှမ်း.....'

ဓားရဲ့စွမ်းအားက ရှင်ထန့်ဟောင်ရဲ့ အတွင်းအားတို့နဲ့ ပေါင်းစပ်သွားသောအခါ အလွန်ကြီးမားသော ရေဘဝဲလက်တံများသည် အပိုင်းပိုင်း ပြတ်တောက်သွား၏။ ရေအောက်ထဲမှ အော်ဟစ်သံ စူးစူးဝါးဝါး ထွက်ပေါ်လာသည်။

'ဝုန်း.....'

'ဝုန်း.....'

ရေဘဝဲနှစ်ကောင် သင်္ဘောပေါ်ကို ခုန်တက်လာသည်။ တခြားသင်္ဘောများသည် သူတို့သင်္ဘောတစ်စီး ရေဘဝဲတွေရဲ့ တိုက်ခိုက်တာကို မြင်လိုက်သည်နှင့် သူတို့ရဲ့သင်္ဘောကို အရှိန်တင်ကြတော့သည်။

ထိန်းချုပ်သူသည် သူကြားထားတဲ့အတိုင်း ပေကောလွီဆီမှာ ယွင်းလုံဓားရော ရှိနေတာကို မြင်လိုက်ရတဲ့အခါ သူ့ရဲ့သားရဲ ဘာသာစကားကို ခပ်မြင့်မြင့် အသံလွင့်အော်လိုက်တော့သည်။ ရှင်ထန့်ဟောင် ယွင်းလုံးကို ကျွမ်းကျင်စွာ ဝေ့ယမ်းကစားလိုက်သည်။

'ဝှစ်.....'

လက်တံတစ်ချောင်း ပျံလာတာနဲ့ သူက ဓားကိုဝေ့ယမ်းပစ်သည်။ သင်္ဘောပေါ်က တချို့လူတွေသည် ပင်လယ်ရေ အရမ်းအေးနေတာကို ဂရုမစိုက်တော့ဘဲ ရေဘဝဲလက်က လွတ်ရေးအတွက် ပင်လယ်ထဲ ခုန်ချကုန်တော့သည်။

တခြားသင်္ဘောတွေက မလှမ်းမကမ်းမှာမလို့ နည်းနည်း ရေကူးသွားလိုက်တာနဲ့ သင်္ဘောပေါ်ကို ရောက်နိုင်သည်။ ကိုယ်ဖော့သိုင်း ကောင်းသူသာဆိုလျှင် ပိုမြန်နိုင်၏။

ပေကောလွီ တစ်ဖက်က ချင်းသွမ့်တို့အား လှမ်းအော်လိုက်သည်။

"အစ်ကို၄..... အစ်ကိုတို့သွားနှင့်"

"မင်းတို့ကရော...."

"ကျွန်တော်တို့အတွက် စိတ်မပူနဲ့"

ထိုအချိန်တွင် လက်တံတစ်ချောင်းက ချင်းသွမ့်တို့ဘက်ကို ဝေ့ယမ်းလာသည်။ ချင်းသွမ့်လည်း ဆွဲထုတ်ထားတဲ့ ဓားတစ်လတ်ဖြင့် ရှင်းထုတ်ပစ်လိုက်၏။

"ကိုယ့်ကျောပေါ်တက်!"

"အင်း"

ချိန်ယင်မှာ အစကတည်းက ကြောက်ရွံ့နေလို့ ချင်းသွမ့်ဆီက ခွင့်ပြုချက်ရတာနဲ့ ထိုလူ၏ကျောပေါ်ကို ခုန်တက်လိုက်သည်။ ချင်းသွမ့်သည် ရှင်ထန့်ဟောင်နဲ့ဆို ပေကောလွီ အဆင်ပြေမယ်ဆိုတာကို ယုံကြည်တာကြောင့် ချိန်ယင်ကိုပိုးလျက် ပင်လယ်ထဲ ခုန်ချလိုက်တော့သည်။

Controlling not to love you (OC) Completed Where stories live. Discover now