🍄Part (65)🍄လမ်းတစ်ဝက်ကတိုက်ပွဲ

881 94 0
                                    

Controlling not to love you

                                 🍄65🍄
                  [လမ်းတစ်ဝက်ကတိုက်ပွဲ]

စေ့စပ်ကြောင်းလမ်းဖို့အတွက် လိုအပ်သော ပစ္စည်းများကို ပေကောလွီနဲ့ ရှင်ထန့်ဟောင်တို့က ပျော်ပျော်ရွှင်ရွှင်ကြီး လိုက်ဝယ်ကြလေသည်။ လက်ရှိအချိန်မှာ နန်ရှီးမြို့တွင် အာဏာအရှိဆုံးက ပုဖန်ချန်းပဲ။

သူတို့နဲ့ ပုဖန်ချန်းဆိုတာကလည်း မဟာမိတ်တွေ ဖြစ်နေပြီမို့ ဒေါင်းအိမ်တော်လက်အောက်က စျေးဆိုင်တွေတိုင်းက သူတို့ကို လျှော့စျေးပေးကြသည်။ သို့နှင့် အနီရောင်ဖဲကြိုး သေတ္တာကြီးတွေ အများကြီး ပေကောလွီနဲ့အတူ ပါလာလေသည်။

"ဝါး..... အားလွီ မင်းကဒီလိုနေရာမှာ ပါရမီပါလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး"

ချင်းသွမ့်က ပေကောလွီအား စနောက်လေသည်။ ပေကောလွီမျက်နှာကြီး ရဲပလောင်ခတ်လာ၏။ ဝမ်ဂိုဏ်းရဲ့ တပည့်တွေထဲမှာ အစောဆုံး တရားဝင်လက်ထပ်လိုက်တာက ပေကောလွီ တစ်ယောက်တည်းပဲလေ။

ဒါ​ကြောင့် အားလုံးထဲမှာ သူက ဝါရင့်တစ်ယောက်လို ဖြစ်နေချေသည်။ ချင်းသွမ့်သည် ပေကောလွီတို့ သယ်လာတဲ့ ခန်းဝင်ပစ္စည်းတွေကို လိုက်ကြည့်ရင်း ပေကောလွီ အရမ်းတော်ကြောင်း တဖွဖွ ချီးကျူးလို့မကုန် ဖြစ်နေလေသည်။

သူပြောလေ ပေကောလွီမှာ ပို၍ရှက်လာလေ။

"အစ်ကို၄..... မပြောပါတော့နဲ့"

"အဟား ဟား ဟား..... အားလွီ ဟိုကိစ္စတွေကို ဘယ်လိုလုပ်ရလဲဆိုတာကိုလည်း ရှစ်ဖူကို သင်ပေးလိုက်ဦးနော်"

"အစ်ကို၄!!!"

ပေကောလွီ အော်ဟစ်ပစ်လိုက်ကာ ချင်းသွမ့်ကို လိုက်ရိုက်တော့သည်။ နန်းဆောင်အရှေ့က ကွင်းငယ်လေးထဲ လူငယ်နှစ်ယောက်ရဲ့ ပြေးလွှားသံတွေနဲ့ ဆူညံသွားလေ၏။ ချင်းသွမ့် ပြေးရင်းလွှားရင်း ရှင်ထန့်ဟောင်နောက်ကို ပြေးပုန်းသည်။

"ရှင်ထန့်ဟောင် ငါ့ကိုကယ်ပါဦး"

ရှင်ထန့်ဟောင်ကတော့ ပေကောလွီ ရှက်လည်းရှက် ဒေါသလည်းထွက်နေတဲ့ မျက်နှာချောချောလေးကို ငေးမောနေရတာကြောင့် မအားလပ်ဘူး။ ထို့ကြောင့် ချင်းသွမ့်လည်း လက်ဖက်ရည်ပွဲတွေ သယ်လာတဲ့ ချိန်ယင်ကိုသာ အကူအညီ တောင်းရတော့သည်။

Controlling not to love you (OC) Completed Where stories live. Discover now