🍄Part (64)🍄အပြောင်းအလဲများ

868 93 0
                                    

Controlling not to love you

                               🍄 64🍄
                [အပြောင်းအလဲများ]

"ရပ်စမ်း!"

ရှင်ထန့်ဟောင်ရဲ့ ခပ်မြင့်မြင့် ပါဝါသံက ပုဖန်ချန်းကို ရပ်တန့်သွားစေ၏။

"မင်းအခုအချိန်မှာ သွားရင် သူကအကြီးအကဲကို ဓားစာခံလုပ်ပြီး မင်းအသက်ကို ခြိမ်းခြောက်နိုင်တယ်"

ပေကောလွီကပါ တည်ငြိမ်အေးဆေးစွာ ဝင်ပြောလိုက်သည်။ ပုဖန်ချန်း လက်သီးတင်းတင်းဆုပ်လျက် ပေကောလွီကို တစ်ချက်ပြန်ကြည့်ပြီးတော့ သူစောစောက ထိုင်ခဲ့တဲ့ ထိုင်ခုံပေါ်မှာ ပြန်ထိုင်၏။

ပုဖန်ချန်း တည်တည်ငြိမ်ငြိမ်နဲ့ စိတ်လျှော့နိုင်အောင် ပေကောလွီမှ လက်ဖက်ရည်ကြမ်း တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက်သူက လွတ်နေတဲ့ခုံမှာ ထိုင်၍ ဆို၏။

"ကျွန်တော်တို့ သေချာစစ်ဆေးကြည့်တော့ သူက မိသားစုဘဏ္ဌာငွေတွေကို တစ်စုံတစ်ယောက်ကို ထောက်ပံ့ပေးဖို့အတွက် သုံးနေတာပဲ.... "

ပေကောလွီ စားပွဲပေါ်မှာ ခေါက်ထားတဲ့ စာရွက်တစ်ရွက်ကို ပုဖန်ချန်းအား ပေးလိုက်သည်။

"ကြည့်လိုက်ပါ"

တစ်အောင့်ကြာတော့။

"ဒါ....."

ရှင်ထန့်ဟောင် - "လွေ့နန်းတော်က လျဲ့အမတ်မင်း.... သူ့ကိုတော့ မင်းသိမယ်ထင်ပါတယ်"

"ကျွန်တော် သိတယ်.... အားယန်က သူ့ကိုထောက်ပံ့တယ် ဘာဖြစ်လို့လဲ? "

"သေချာပေါက် အဲဒီအမတ်မင်း ပုန်ကန်တဲ့အခါ စစ်သည်အင်အား အလုံအလောက်ရှိအောင်ပေါ့... တကယ်လို့ လျဲ့အမတ်က ထီးနန်းကို သိမ်းပိုက်နိုင်ရင် မင်းညီက နန်ရှီးရဲ့မြို့စားမင်းလည်း ဖြစ်ကောင်းဖြစ်သွားနိုင်တယ်.... သူက မင်းအဖေကို အရင်ထိန်းချုပ်ထားတာ အနားမှာ မင်းမရှိလို့လေ"

"ကျွန်တော့်အဖေ.... သူအဆင်ပြေရဲ့လား?"

ပုဖန်ချန်း ဒေါသကိုမြိုသိပ်ထားရတာကြောင့် စကားပြောတော့ အံကြိတ်ထားသံက ဦးစွာ ထွက်ပေါ်လာသည်။

ရှင်ထန့်ဟောင် အဲဒီမေးခွန်းအတွက် အဖြေမရှိတာကြောင့် ပေကောလွီကိုပဲ စကားပြောခွင့် ပေးလိုက်သည်။

Controlling not to love you (OC) Completed Where stories live. Discover now