🍄Part (51)🍄နဂါးရုပ်ပုံတံခါးကြီး

1K 119 3
                                    

Controlling not to love you

                           🍄51🍄
              [နဂါးရုပ်ပုံတံခါးကြီး]

ရှင်ထန့်ဟောင်နဲ့ ပေကောလွီတို့ ချောက်တစ်ဖက်ကို ခုန်ကူးလိုက်သည်။ ချင်းသွမ့်တို့သည် တံခါးကြီးရှေ့ ဘေးနှစ်ဖက်ရှိ မီးတုတ်ကြီးများကို မီးထွန်းညှိထားတာကြောင့် ပတ်ဝန်းကျင်က အလင်းရောက်ရှိ၏။

ပေကောလွီ - "အစ်ကိုကြီးတို့လည်း လူချင်းကွဲသွားပုံပဲ"

ချင်းသွမ့်က ပေါ့ပေါ့ပါးပါး လက်ခါပြသည်။

"သူက တစ်လမ်းလုံး အစ်ကို၃ရဲ့ လက်ကိုဆွဲသွားတာ သူတို့နှစ်ယောက်က သေချာပေါက် လူစုကွဲမှာ မဟုတ်ဘူး.... ငါက ယွိရင်တစ်ယောက်တည်း ဖြစ်နေမှာကို စိတ်ပူတာ ဒါပေမဲ့ သူမကသန်မာပါတယ်"

အဲဒီအချက်ကိုတော့ ပေကောလွီလည်း လက်ခံတာကြောင့် ခေါင်းညိတ်လိုက်သည်။ သူက လီရန်လော့တစ်ယောက် အဆင်ပြေရဲ့လား သိချင်တာကြောင့် သူမထံသွား၍ အခြေအနေ မေးရ၏။ သူမမှာ ကိုယ်ဝန်ရှိသော်လည်း သူမကိုယ်သူမ ဂရုစိုက်နိုင်သည်။

ထို့အပြင် ချင်းသွမ့်ကလည်း သူမကိုအချိန်ပြည့် ဆွဲထားတာကြောင့် ထိခိုက်တာ သိပ်မရှိပေ။

လီရန်လော့ - "ငါတို့အနောက်ကို ပြန်သွားလို့တော့ မဖြစ်ဘူး.... လမ်းမှာ လူသုံးယောက်ကို တစ်ပြိုင်တည်း မြိုနိုင်တဲ့ မြွေကြီးရှိတယ် ငါတို့သူ့ကို ခက်ခက်ခဲခဲ ရှောင်လာရတာ..... အားလွီ ဒီတံခါးကို ဘယ်လိုဖွင့်ကြမလဲ အရင် စဥ်းစားကြရအောင်"

"ကောင်းပြီ"

ထိုစဉ် ရှင်ထန့်ဟောင်သည် တံခါးကြီးဆီကို တစ်လှမ်းချင်း လျှောက်သွားနေ၏။

ပေကောလွီ - "အဆိပ်ငွေ့ သတိထားဦး"

ချင်းသွမ့် - "မရှိဘူး ငါတို့ တစ်ကြိမ်နှစ်ကြိမ်မက စမ်းသပ်ပြီးပြီ"

သို့နှင့် ပေကောလွီလည်း ချင်းသွမ့်အား ချိန်ယင်တစ်ယောက် အဆင်ပြေမပြေ မေးလိုက်သည်။ ရှင်ထန့်ဟောင် မီးရောင်ကို အားပြုကာ တံခါးက ရုပ်ပုံကိုကြည့်လိုက်သည်။ နဂါးနှစ်ကောင် တိမ်လွှာထက်တွင် ပျံသန်းနေသော ပုံဖြစ်၏။ ရှင်ထန့်ဟောင် တံခါးကို လက်နဲ့ စမ်းကြည့်လိုက်သည်။

Controlling not to love you (OC) Completed Where stories live. Discover now