🍄Part (16)🍄ရှင်ထန့်ဟောင်ရဲ့သံသယဝင်စရာစကား

2.4K 258 1
                                    

Controlling not to love you

                              🍄16🍄
        [ရှင်ထန့်ဟောင်ရဲ့သံသယဝင်စရာစကား]

        ရှင်ထန့်ဟောင်မှာ သူ့တွင် အသက်ဆက်ရှင်ဖို့ ငါးနှစ်လောက်သာ ကျန်တော့တဲ့ အကြောင်း ကြားလိုက်ရသောအခါ နှလုံးသားက အမှန်တကယ် ထိတ်လန့်သွားပေမယ့် ပေကောလွီ ရှေ့မှာတော့ သူ့ကိုယ်သူ ထိန်းထားလေသည်။

        အပ်စိုက်ကုသမှု ပြီးသောအခါ သလွန်ပေါ်မှာ အိပ်စက်ဖို့အတွက် အချိန်နာရီဟာ ကျရောက်လာခဲ့သည်။ ပေကောလွီသည် သူ၏သမားတော် အလုပ် ပြီးပြီဖြစ်တာကြောင့် သူ့နန်းဆောင်ဆီကို ပြန်ဖို့ ပြင်နေပြီ ဖြစ်သည်။

        သူ ရှင်ထန့်ဟောင်နဲ့ ရိုးရိုးရှင်းရှင်း တစ်ညအတူ အိပ်ပြီးပြီဖြစ်သော်လည်း ထပ်ပြီးတော့ မအိပ်ချင်တော့ပေ။ ငွေအပ်များကို ဆေးရည်စိမ်ထားသည့် အထဲမှ နှုတ်ယူပြီးသောအခါ သူပြန်ဖို့ထလိုက်၏။

"လွီ....."

        ရှင်ထန့်ဟောင် သူ့လက်တစ်ဖက်ကို ဖမ်းဆွဲလာသည်။

"မင်းကိုယ့်ကို တစ်ယောက်တည်း ထားခဲ့တော့မလို့လား?"

        မေးခွန်းက အနည်းငယ် ကသိကအောင့် ဖြစ်စေသည်။ ဧကရာဇ်ဆိုတာ အမြဲတမ်း အလုပ်များကာ တစ်ယောက်တည်း အိပ်ရတဲ့အချိန်က ပိုများတယ် မဟု​တ်ပါလား။ တစ်ယောက်တည်း ထားခဲ့တော့မလို့လား ဟူသည့် မေးခွန်းက ပေကောလွီကို ကြက်သီးထသွားစေ၏။

        ရှင်ထန့်ဟောင်မှာ ကိုယ်လုပ်တော်တစ်ယောက်ကို ခေါ်၍ သူ့အိပ်ယာကို နွေးစေရအောင်လည်း ကိုယ်လုပ်တော် မောင်းမဆောင်ကြီးက မရှိတော့ပေ။

"ကိုယ်နဲ့နေပေး...."

        အသံက ဧကရာဇ်တစ်ပါး ပီသစွာ အာဏာသံဆန်လှသည်။ သူက ပေကောလွီရဲ့ လက်ချောင်းလေးတွေကိုလည်း လက်ဝါးကြီးထဲမှာ ဆုပ်ကိုင်လို့ထားသေးသည်။ တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်းက ပေကောလွီကို ပြန်ခွင့်မပြုဘူး ဆိုတာကို ပြောနေသလိုပဲ။

        ရှင်ထန့်ဟောင် ဘေးကို နေရာရွေ့ပေးလိုက်ကာ။

"ဒီမှာအိပ်...."

Controlling not to love you (OC) Completed Where stories live. Discover now