🍄Part (32)🍄ပန်းချီကားလေးတစ်ချပ်

1.2K 146 1
                                    

Controlling not to love you

                              🍄32🍄
              [ပန်းချီကားလေးတစ်ချပ်]

ပေကောလွီတို့ တစ်ဖွဲ့လုံး လွေ့ပြည်အပြင်ဘက်က တောအုပ်တစ်ခုထဲကို ရောက်ရှိနေကြပြီ။ လီရန်လော့မှာ ရေခဲပိုးကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ထုံထိုင်းအေးစက်နေရာမှ အခုအချိန်မှာတော့ အနည်းငယ် သက်သာလာခါစ ပြုနေပြီ ဖြစ်သည်။

သူမသည် မကြာခဏ ဆိုသလို ပေကောလွီရဲ့ စစ်ဆေးခြင်းကို ခံနေရတဲ့ ရှင်ထန့်ဟောင်ကို လှမ်းလှမ်းကြည့်ကာ အေးစက်တဲ့ လေထုတွေကို ထုတ်လွှတ်နေလေ၏။ ရှင်ထန့်ဟောင် အတွင်းအားနည်းနည်း ထုတ်သုံးမိခဲ့တာကြောင့် ကူအဆိပ် ထပ်ပျံ့သွားပြီလား စစ်ဆေးနေတာ ဖြစ်သည်။

"အားလော့......."

ရုတ်တရက် နာမည်ခေါ်သံကြောင့် အင်အားချိနဲ့စွာဖြင့် သူမမော့ကြည့်လိုက်သည်။ အနီရောင်ဂါဝန်နဲ့ ယွိရင်က သူမအနားတွင် လာထိုင်ပေး၏။

"ဘယ်လိုနေသေးလဲ?"

"သက်သာလာပါပြီ.... အစ်မ၅ ဟိုကဟာ ညီမတို့အားလွီနဲ့ လက်ထပ်ထားတဲ့သူလား?"

ယွိရင်သည် ပေကောလွီတစ်ဦးတည်းကိုသာ စိုက်ကြည့်နေတဲ့ ရှင်ထန့်ဟောင်ကို လှမ်းကြည့်ပြီးတော့ နှာမှုတ်လေ၏။ အပင်အရိပ်ကလေးအောက်မှာ ရှင်ထန့်ဟောင်နဲ့ ပေကောလွီသည် ဘေးချင်းကပ် ထိုင်လျက် တစ်ခုခုကို ဆက်လတ်ဆွေးနွေးနေပုံရသည်။

ယွိရင် ကြာကြာမကြည့်ချင်တာကြောင့် မျက်နှာလွှဲသွား၏။

"ဟုတ်တယ်လေ သူပဲ.... ငါတော့ကြည့်လို့ကို မရဘူး ဧကရာဇ်ဆိုတာ ဘာကောင်းလို့လဲ? မောင်းမဆောင်ကြီးထားပြီး မိန်းကလေးတွေရဲ့ အပြုအစုကို သာယာနေကြတာလေ...."

လီရန်လော့က ရှင်ထန့်ဟောင်ကို တစ်ချက်ပြန်လှမ်းကြည့်သည်။

"ညီမအရင်တစ်ခါ နန်းတော်ထဲကိုသွားတော့ အားလွီက သူ့ကို တကယ်သဘောကျနေတာပါလို့ ဝန်ခံခဲ့တယ်..... တကယ်လို့"

လီရန်လော့ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်သည်။

"သူ့ခေါင်းကို ညီမကိုယ်တိုင် သွားဖြတ်ပစ်မယ်....."

Controlling not to love you (OC) Completed Where stories live. Discover now