🍄Part (77)🍄ထိန်းချုပ်သူနှင့် ရေဘဝဲ

740 86 0
                                    

Controlling not to love you

🍄77🍄
[ထိန်းချုပ်သူနှင့် ရေဘဝဲ]

အပြင်ဘက်မှာက တဖြည်းဖြည်း အအေးပိုလာပြီမို့ ပေကောလွီကို အပြင်မှာ မနေစေချင်တော့ပေ။ ရှင်ထန့်ဟောင် ပေါင်ပေ့လေးကို ကောက်ပွေ့လိုက်၏။ ထို့နောက် သူတို့နှစ်ယောက် အခန်းထဲပြန်လာပြီး အနားယူခဲ့ကြသည်။

မနက်ရောက်သော် ပေကောလွီ အစောကြီးမထတော့ပေ။ မြွေနက်ဂိုဏ်းချုပ်က ရှင်ထန့်ဟောင်နဲ့ စကားပြောချင်တယ်ဟုဆိုကာ အစောကြီး လူလွှတ်ခေါ်ခိုင်းလေသည်။

"လွီ.... ကိုယ် ခဏသွားမယ်နော်"

"အွန်း...."

'မွစ်....'

"ကိုယ်မြန်မြန် ပြန်လာခဲ့မယ်"

ရှင်ထန့်ဟောင် သူ့နဖူးကိုနမ်းပြီး ထွက်သွားတဲ့အခါ ပေကောလွီလည်း မျက်လုံးပွင့်လာသည်။ သူ့မျက်ခမ်းတွေ တသိမ့်သိမ့် တုန်ရီနေခဲ့တာ မနေ့ညကတည်းက။ ရှင်ထန့်ဟောင် မသိအောင် သူတော်တော်လေး ထိန်းချုပ်ထားရသည်။

သူမနေ့ညက ရှင်ထန့်ဟောင် သွေးကြောကို စမ်းသပ်ကြည့်ရင်း သိလိုက်ရတာက ရှင်ထန့်ဟောင်ရဲ့ သွေးကြောနဲ့ အတွင်းအားလှိုင်းတွေက မတည်ငြိမ်ချေ။ ဒါကူအဆိပ်ရဲ့ အကျိုးဆက်တွေလား သူမသိ။

သူက ဝါရင့်သမားတော်လည်း မဟုတ်ပေ။ သိုင်းလောကထဲ ခဏတာကျင်လည်ရင်း ဆေးပညာကို နည်းနည်းပါးပါး နားလည်ရုံလောက်သာ ရှိသည်။ ရှင်ထန့်ဟောင်က ကျန်းမာရေးနဲ့ ပတ်သက်ပြီး သူ့ကိုဖုံးကွယ်ထား၏။ အတွင်းအားတွေ မငြိမ်မသက်ဖြစ်နေတာ ဘယ်လောက်တောင် ကြာသွားပြီလဲမသိ။

ရှင်ထန့်ဟောင် ထွက်သွားတာ သေချာသော် ပေကောလွီ ချက်ချင်းထကာ ချင်းသွမ့်တို့အခန်းဘက်ကို ခုန်ကူးလာခဲ့သည်။

"အစ်ကို၄...."

ချင်းသွမ့်သည် စာတစ်စောင်ရေး၍ စာပို့ခိုဖြင့် စာပို့နေချိန် ဖြစ်သည်။

"အားလွီ.... ဘာဖြစ်လို့လဲ"

"အစ်ကို ဘာလုပ်နေတာလဲ"

"ငါရှစ်ဖူတို့ကို ထိန်းချုပ်သူအကြောင်း သတင်းလှမ်းပေးနေတာ"

Controlling not to love you (OC) Completed Where stories live. Discover now