🍄Part (88)🍄အကောင်းဆုံး အမှတ်တရ

871 101 0
                                    

Controlling not to love you

🍄(88)🍄
[အကောင်းဆုံးအမှတ်တရ]

စာဖတ်ခန်းကို စောင့်ကြပ်နေသူတွေ ရှိသည်။ ပေကောလွီ ထိုအနားရောက်သော် အစောင့်တွေကို အသံမထွက်ဖို့အတွက် အချက်ပြလိုက်သည်။

"အခုထိရှာမတွေ့တာ မဆန်းပါဘူး... နတ်ဘုရားကို ဆင့်ခေါ်နိုင်တဲ့အထိ အဲဒါကစွမ်းအားကြီးတာကို"

ရှင်ထန့်ဟောင်အသံပင်။ အစောင့်တွေအတွက် ထိုအသံကို နားစွင့်ဖို့ မလွယ်ကူသော်လည်း ပေကောလွီအတွက်ကတော့ မခက်ခဲပေ။ အထဲမှာ ရှင်ထန့်ဟောင် တစ်ယောက်တည်းမဟုတ်။ ဖူးရှုံးလည်း ရောက်နေပုံရသည်။

ရုတ်တရက် ဖူးရှုံးက ဧကရာဇ်ကို သေချာဂရုစိုက်ပေးဖို့ တောင်းဆိုခဲ့တာကို သတိရသွား၏။ ဖူးရှုံးလည်း ရှင်ထန့်ဟောင်ရဲ့ အခြေအနေကို သိနေသူပင်။ ဖူးရှုံးအပြင် သူ့ဆရာ ဝမ်မုန့်စွင်းကလည်း သိနေလောက်ပေသည်။

ဘယ်သူကမှ သူ့ကိုမပြောပြခဲ့တာကလည်း ရှင်ထန့်ဟောင်က ဖုံးကွယ်ထားခိုင်းလို့ပါပဲလေ။

"ကျွန်တော်တို့ အရှိန်တိုးပြီး ရှာဖွေနေပါတယ်....လောလောဆယ် ဧကရီရဲ့လက်ကောက်နဲ့ အခုလက်ကောက်ကို ဆက်ပြီး ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ကို ထိန်းထားလိုက်ပါလား?"

ဖူးရှုံးက လေသံတိုးတိုးနဲ့ အကြံပေးလေသည်။ ပေကောလွီ ရှင်ထန့်ဟောင်ရဲ့ သက်ပြင်းချသံကို ကြားလိုက်ရ၏။

"လက်ကောက်က လွီရဲ့အမေ ပေးထားခဲ့တဲ့ဟာ..."

"ဒါပေမဲ့...."

"ငါသိပါတယ် ငါနည်းလမ်းရှာလိုက်မယ်.... မင်းအရင်ထွက်သွားလိုက်"

"ဟုတ်ကဲ့"

ဖူးရှုံးက ပေကောလွီရပ်နေတဲ့ တံခါးပေါက်ကနေ မထွက်သွားဘဲ တခြားအပေါက်ကနေ ထွက်သွား၏။ တစ်အောင့်ကြာမှ ပေကောလွီ တံခါးဖွင့် ဝင်လာခဲ့သည်။ ရှင်ထန့်ဟောင်ကလည်း သူစာအုပ်စင်တွေ ကြားကနေ ဝင်လာတာတွေ့တော့ လှမ်းပြုံးပြသည်။

စားပွဲပေါ်လက်ထောက်လျက် ပေကောလွီကို စူးစူးနစ်နစ် စိုက်ကြည့်နေသည်။

"လွီ.... အိပ်သွားပြီ ထင်နေတာ"

"အစောကြီး ရှိသေးတယ်လေ.... ပင်လယ်စာတွေကြောင့် ဗိုက်အောင့်မှာစိုးလို့ ဆေးယူလာပေးတယ်"

Controlling not to love you (OC) Completed Where stories live. Discover now