🍄Part (7)🍄 လက်ဆောင်ပေးခြင်း

3.1K 363 5
                                    

Controlling not to love you

                     🍄(7)🍄
          [လက်ဆောင်ပေးခြင်း]

       ရှင်ထန့်ဟောင် နောက်ထပ်တုံ့ပြန်ဖို့ ဟန်ပြင်လိုက်တဲ့ အချိန်မှာ ပေကောလွီက သူ့လက်ကောက်ဝတ်ကို ဆွဲယူပြီးနေပြီ။ သူက လက်ကောက်ဝတ်ပေါ် လက်ချောင်းလှလှလေးများ တင်၍ သွေးကြောစမ်းသပ်နေသည်။

         စမ်းသပ်ပြီးပြီးချင်း သူ့မျက်လုံးတွေ ပြူးကျယ်သွားရ၏။ အရက်စက်ဆုံးနဲ့ အပြင်းထန်ဆုံးသော ကူအ​ဆိပ်ပင်။ ကူအဆိပ်တွေက အမျိုးမျိုး ရှိကြသည့်အထဲတွင် ယခုက ရှင်ထန့်ဟောင် ကိုယ်ထဲက အဆိပ်ကတော့ အပြင်းထန်ဆုံး အဆိပ်ပိုးကောင်ထဲတွင် ပါဝင်ပေ၏။

"ဘယ်တုန်းက စပြီး ခေါင်းကိုက်တာလဲ?"

"မင်းကကိုယ် ခေါင်းစကိုက်တဲ့ လက္ခဏာကို သိတယ်လား.... လွီလွီ မင်းက သမားတော်လေးလား?"

"အရှင်.... ဒါစနောက်ရမယ့် အချိန်မဟုတ်ပါဘူး ကျေးဇူးပြုပြီး ပြောပြပါ"

"တစ်ပတ်လောက်တော့ ရှိနေပြီ.... မင်းနဲ့ကိုယ် လက်မထပ်ခင်ကတည်းကပဲ..... ကိုယ်အဲ့ကတည်းက ကိုယ့်ကိုကိုယ် အဆိပ်မိနေတာကို သတိထားမိတယ်.... ဒါပေမယ့် တိုင်းပြည်ကိစ္စက အရေးကြီးနေတော့ အဲ့ကိစ္စကို မေ့သွားတယ်...."

        ပေကောလွီက အံကြိတ်လိုက်သည်။ ဘယ်သူကများ ကိုယ့်အသက်နဲ့ သက်ဆိုင်နေတဲ့ ကိစ္စကို မေ့ထားရဲလို့လဲ။ ရှင်ထန့်ဟောင်ကတော့ တကယ်အရူးပဲ။

        ထိုအချိန်တွင် ရှင်ထန့်ဟောင်က မျက်မှောင်ကျုံ့လာတာကြောင့် ပေကောလွီ မေးလိုက်သည်။

"ခေါင်းကိုက်လာလို့လား?"
"ဟုတ်တယ်.... "

"ဆေးသောက်ဖို့ မှာလိုက်မယ်"

         ပေကောလွီ အထိန်းတော်ကြီးကို ခေါ်ဖို့အတွက် မတ်တတ်ထရပ်လိုက်တဲ့အခါ လက်ကောက်ဝတ် တစ်ဖက်က ဆုပ်ကိုင်ခံလိုက်ရလေသည်။ သူလှည့်ကြည့်တော့ ရှင်ထန့်ဟောင်က ခေါင်းငုံ့ထားဆဲပင်။ သို့သော် လက်ကတော့ တစ်ကိုယ်လုံးကအားတွေ စုထားသလား မှတ်ရအောင် သန်လှသည်။

        ဘယ်လိုနည်းနဲ့မှ ပေကောလွီကို ထွက်သွားဖို့ ခွင့်ပြုမည်ပုံ မပေါ်ချေ။ သို့နှင့် ပေကောလွီ ထွက်သွားမည့်အရေးကို လက်လျှော့ကာ ထိုနေရာကနေသာ ရှင်ထန့်ဟောင်အတွက် ဆေးယူလာပေးရန် လှမ်းမှာရတော့သည်။

Controlling not to love you (OC) Completed Where stories live. Discover now