🍄Part (20)🍄ဒဏ်ရာကိုလေနဲ့မှုတ်ပေးလေ

1.9K 220 4
                                    

Controlling not to love you

                            🍄 20🍄
              [ဒဏ်ရာကိုလေနဲ့မှုတ်ပေးလေ]

"လွီ..... "

"အင်း"

"ကိုယ်မင်းတူလေးကို အိမ်ရှေ့စံနေရာပေးတာ ဘာကြောင့်လဲ သိလား?"

"......."

"ကိုယ်မင်းနဲ့ လောကအနှံ့ လျှောက်သွားပြီး ကောင်းပါတယ်ဆိုတဲ့ သေရည်တွေ သောက်ချင်တယ်.... မင်းနဲ့အတူ လရောင်အောက်မှာ ထိုင်ပြီးတော့လေ ပြီးရင် ကိုယ်တို့အတူတူ သက်ဆုံးတိုင် နေသွားကြမယ်.... အွန်း ဒီကြားထဲမှာ တကယ်လို့များ ကိုယ့်ခန္ဓာကိုယ်ထဲက ကူအဆိပ်ကြောင့် ထွက်သွားရ...."

"မပြောတော့နဲ့"

         သွယ်လျလှပသော လက်ချောင်းကလေး တစ်ချောင်းသည် ရှင်ထန့်ဟောင်ရဲ့ နှုတ်ခမ်းထက်တွင် ပိတ်ဆို့လာချေ၏။ ပေကောလွီကိုယ်တိုင် ရှင်ထန််ဟောင် ဤစကားတွေ ထပ်မပြောအောင် တားဆီးလိုက်လေခြင်း။

         ပေကောလွီဘက်က သူ့ကိုစတင် ထိတွေ့လာတာကို မြင်တော့ အံ့ဩသွားတဲ ရှင်ထန့်ဟောင်။ ချစ်ရတဲ့လွီက အခုထိသူ့ပေါင်ပေါ်မှာ ထိုင်နေတုန်းပဲ။

"ငါ့ဆရာက အဆိပ်ကို ​ဖြေပေးနိုင်မှာပါ"

"ဒါပေမဲ့ ကိုယ့်မှာက နှစ််ဘယ်လောက်မှ မကျန်တော့ဘူး "

"ရှင်ထန့်ဟောင်.... မင်းက ပါးနပ်တယ် သတိကြီးတယ် ပြီးတော့ သိုင်းပညာလည်း မြင့်တယ်.... ဘယ်လိုလုပ် ကူအဆိပ်မိတဲ့အထိ ဖြစ်သွားရတာလဲ? အမှန်အတိုင်းပြော မင်းငါ့ကို လက်မထပ်ခင် အစည်းအဝေးပွဲမှာတုန်းက ဘာဖြစ်ခဲ့တာလဲ?"

         ရှင်ထန့်ဟောင် ရပ်သွားသည်။ ပေကောလွီကို ကြည့်နေတဲ့ မျက်ဝန်းတို့ဟာလည်း အနည်းငယ် ပျာယာခတ်သွား၏။ သူအတတ်နိုင်ဆုံး သူ့ကိုယ်သူ ထိန်းလိုက်သေးသည်။ သို့ပေမဲ့ အနီးကပ်ဆုံးမှ ကြည့်နေတဲ့ မျက်လုံးတစ်စုံဟာတော့ ထိုမျက်ဝန်းထဲက လှုပ်ခတ်သွားမှုကို ဖမ်းမိသွားသည်။

         ပေကောလွီ ရှင်ထန့်ဟောင်ရဲ့ မေးဖျားကို ဆွဲမော့လိုက်ကာ။

"မင်းငါ့ကိုယ်စား အဆိပ်သောက်ခဲ့တာလား?"

"........."

Controlling not to love you (OC) Completed Where stories live. Discover now