🍄Part (54)🍄အဖြူရောင်အရိပ်

917 115 1
                                    

Controlling not to love you

                             🍄54🍄
               [အဖြူရောင်အရိပ်]

ရှာတွေ့ထားတဲ့ ဂူဝင်ပေါက်မှာ အအေးကော အပူကော ရောယှက်နေတဲ့ လေထုတစ်ခုရှိနေတာက ထူးဆန်းလှသည်။ နောက်ပြီး ဝင်ပေါက်က ကျဥ်းမြောင်းကာ လူတစ်ယောက်ပဲ ဝင်လို့ရသည်။ အကယ်၍ လမ်းတစ်ဝက်မှာ တစ်စုံတစ်ခုကြောင့် တိုက်ခိုက်ခံလာရပါက ပြန်ခုခံဖို့ ခက်ခဲလိမ့်မည်။

သို့နှင့် အားလုံးသည် နောက်ထပ် ထွက်ပေါက်တစ်ခုကို ရှာမတွေ့သေးသရွေ့ ဒီနေရာမှာ ခဏအနားယူကြဖို့ ဆုံးဖြတ်လိုက်၏။

ချန်းမိသားစုနဲ့ လင်ရှစ်တို့က သူတို့လူတွေနဲ့ တစ်နေရာမှာ အနားယူနေကြကာ ချင်းသွမ့်နဲ့ သူ့ရဲ့ဖွဲအိတ်ကလေးတော့ ယွိရင်တို့နားမှာ ဝိုင်းဖွဲ့ထိုင်နေကြသည်။ ရှင်ထန့်ဟောင်နဲ့ ပေကောလွီတို့ကတော့ တစ်နေရာမှာ။

ပေကောလွီ ဂူသင်္ချိုင်းအကြောင်း ပြောရင်း မိခင်ကို သတိရသွားတာကြောင့် တစ်ချိန်လုံး ငြိမ်သက်နေသည်။ သူဘယ်လောက်တောင် ငြိမ်နေမိမှန်းမသိ ရှင်ထန့်ဟောင်ရဲ့ ခပ်ဖွဖွ ချောင်းဆိုးသံကို ကြားတဲ့အခါမှာသာ သတိဝင်လာတော့၏။

"ထန့်ဟောင်...."

"ကိုယ် ဘာမှမဖြစ်ဘူး.... ဒီအတိုင်း...."

ရှင်ထန့်ဟောင် ရပ်တန့်သွားသည်။ လည်ချောင်းဝကို ရောက်နေပြီဖြစ်တဲ့ သွေးတွေကို ပြန်မြိုချမည်အပြု သူ့ပုခုံးတစ်ဖက်ကို ထိုးသွင်းလာတဲ့ လက်ချောင်းနှစ်ချောင်းကြောင့် ရှင်ထန့်ဟောင် သွေးတစ်လုတ် အန်ထွက်လာခဲ့တော့သည်။

'ဖူး.......'

ပေကောလွီ သူ့လက်ချောင်းကို ရုတ်၍ အဝတ်စထုတ်ကာ ရှင်ထန့်ဟောင်ရှေ့တွင် ထိုင်လျက် တစ်ဖက်လူရဲ့ သွေးတွေကို သုတ်ပေးလိုက်သည်။ ရှင်ထန့်ဟောင် သူ့ကို ကြည့်လာ၏။ သူက သွေးစွန်းနေတဲ့ နှုတ်ခမ်းပါးကို ဖွင့်ဟ၍ ဆိုလာလေသည်။

"အဆိုးလေး....."

"ဘာဖြစ်လို့ အောင့်ထားသေးလဲ? သွေးပုပ်တွေကို ပြန်မြိုချရင် ပိုဆိုးမှာလေ"

"မင်းယောကျ်ားကို စိတ်ပူနေတယ်ပေါ့? လွီ အများကြီး လျှောက်မတွေးပါနဲ့ "

Controlling not to love you (OC) Completed Where stories live. Discover now