🍄Part (4)🍄မင်းရဲ့ခင်ပွန်းကိုခွံ့ကျွေး

3.5K 388 8
                                    

Controlling not to love you

                      🍄(4)🍄
          [မင်းရဲ့ခင်ပွန်းကိုခွံ့ကျွေး]

        ကိုယ်လုပ်တော်ချင်းကုက သူမရဲ့လက်ချောင်းတွေကို တင်းတင်းကျပ်ကျပ် ဆုပ်ပစ်လိုက်ရာ လက်သည်းကြောင့် အသားကိုပွန်းပဲ့ကုန်ရာ သွေးများပင် စိမ့်ကျလာသည်။ အထိန်းတော်လေးက ပျာပျာသလဲ သူမလက်ကို ဆေးထည့်ပေးရတော့၏။

        ရုတ်ချည်းဆိုသလို ကိုယ်လုပ်တော်ချင်းကုသည် အကြံတစ်ခုရရှိသွားကာ လက်ပတ်တီးဖြင့် ရှင်ထန့်ဟောင်ရှိရာ ဧကရာဇ်စာဖတ်ခန်းဆီသို့ ထွက်လာခဲ့လေသည်။ အပိုပြောစရာမလိုအောင် သူမက တကယ်ကို လှပပေ၏။

        သူမလျှောက်သွားတိုင်း ဝတ်ရုံစတွေက အနောက်ဘက်မှာ လွင့်မျောနေကာ သူမ၏သေးသွယ်တဲ့ ခါးလေးဟာလည်း ထင်ပေါ်သည်။ သူမက ရှင်ပြည်ထောင်ရဲ့ အလှဆုံးပန်းသုံးပွင့်ထဲက တစ်ပွင့်ဖြစ်ခဲ့သည်လေ။ ဒါကြောင့် သူမကရှင်ထန့်ဟောင်ရဲ့ အနှစ်သက်ဆုံး ကိုယ်လုပ်တော်ဖြစ်လာခဲ့တာပဲ။

"အရှင်......"

        အသံအေးအေးနဲ့ သူမကခေါ်လိုက်သည်။ စာဖတ်နေတဲ့ ရှင်ထန့်ဟောင်က သူမကိုပြန်ကြည့်လာ၏။

"အင်း....."

        သူက ကိုယ်လုပ်တော်ချင်းကုကို ကြည့်လိုက်တာနဲ့ သူမလက်က ပတ်တီးစကို တွေ့ပြီးသား။ တွေ့တွေ့ချင်း သူလည်း မျက်မှောင်ကျုံ့သွားသည်။ ထိုစဉ် ချင်းကုကသူ့ဆီကို လျှောက်လာနေပြီဖြစ်ပြီး သူ့ဘေးက ခုံမှာတောင် ဝင်ထိုင်နေပြီ။

        ဒါကတော့ သူအရင်ကတည်းက ခွင့်ပြုထားတာမို့ သူမက ရှင်ထန့်ဟောင်ဆီက ခွင့်ပြုချက် ထပ်တောင်းနေစရာ မလိုတော့ပေ။ ရှင်ထန့်ဟောင်က သူမလက်ကလေးကို တယုတယ ဆွဲယူလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ?"
"မတော်တဆ ဒဏ်ရာသွားတာပါ....."

"အရမ်းနာလား?"
"မနာပါဘူး.... ကျွန်မကြားတာ အရှင်ကဒီနေ့ ကြင်ယာတော်နဲ့ နေ့လည်စာ အတူစားမှာဆို"

         သူမက ရှင်ထန့်ဟောင်ကို စိတ်မကောင်းတဲ့ မျက်လုံးလေးနဲ့ ကြည့်နေသည်။ ရှင်ထန့်ဟောင်က နေ့လည်စာကို သူမနဲ့ပဲ အတူစားနေကြလေ။ အဲ့တော့ တခြားလူနဲ့ သွားစားမယ်ဆိုတော့ သူမအတွက် စိတ်မကောင်းဖြစ်စရာပဲလေ။

Controlling not to love you (OC) Completed Where stories live. Discover now