🍄Part (25)🍄 အရိုက်ခံလိုက်ရတဲ့ပါး

1.6K 190 1
                                    

Controlling not to love you

                              🍄25🍄
               [အရိုက်ခံလိုက်ရတဲ့ပါး]

ပေကောလွီကလည်း သေချာအာရုံစိုက် နားထောင်နေတာ တွေ့တော့မီ သူကပြောလိုက်သည်။

"သွေးမာန်အဟူ နဂါးလက်ကောက်ဆိုတာ သွေးမာန်မျိုးနွယ်စုရဲ့ အထွတ်အမြတ် ရတနာတစ်ခုပဲ.... သွေးမာန်မျိုးနွယ်စုရဲ့ သမိုင်းမှာ နဂါးလက်ကောက်က ရှေးဟောင်းနဂါးတစ်ကောင်ကို နိုးထလာအောင် စွမ်းဆောင်နိုင်တယ်လို့ အယူအဆရှိတယ်"

"......."

"တကယ်လို့ လွေ့မန်ကုပိုင်တဲ့အရာက သူ့အမေပေးခဲ့တာ အမှန်ပဲဆိုရင်တော့ သူ့အမေက အဲဒီမျိုးနွယ်ရဲ့ နောက်ဆုံးမျိုးဆက်ပဲ"

ချင်းသွမ့် - "ဘာဖြစ်လို့ နောက်ဆုံးမျိုးဆက်လဲ?"

"သူတို့က မျိုးနွယ်အချင်းချင်းပဲ လက်ထပ်ကြတယ်လေ.....လွေ့ဘုရင်က သွေးမာန်မျိုးနွယ်စုက မဟုတ်တဲ့အတွက် သူမကမျိုးနွယ်ရဲ့ နောက်ဆုံးကျန်တဲ့ မျိုးဆက်လို့ ပြောလို့ရတယ် သွေးမာန်မျိုးနွယ်စုက ပျက်သုဥ်းပျောက်ကွယ်သွားတာ ကြာပြီ..... "

ရှင်ထန့်ဟောင် စကားပြောတဲ့အချိန်မှာ လေသံက ခပ်အေးအေးနဲ့ နားဝင်ချိုလှတာကို အခုမှပဲ ပေကောလွီ သေချာသိတော့သည်။ သူတဖြည်းဖြည်းချင်း ရှင်ထန့်ဟောင် စကားပြောနေတာကို ကြည့်ထားမိသည်။

"သိုင်းလောကမှာ ဒီလက်ကောက်အကြောင်း သတင်းပျံ့နေပြီဆိုရင်တော့ သူ့မှာအန္တရာယ်ရှိနေပြီ..... ရှေးဟောင်းနဂါးကို နိုးထစေမယ့် ရတနာကို ဘယ်သူက မလိုချင်မှာလဲ?"

ထိုအခါ ယွိရင်မှ မျက်စောင်းတစ်ချက်အား မြှားတစ်စင်းလို ပစ်ခွင်းလာ၏။

"ရှင်ကလည်း လိုချင်နေတာလား?"

"ဒါပေါ့"

"ဘာ!!"

"အဲဒီနဂါးကိုသာရရင် သူ့ပေါ်တက်စီးပြီး လွီကိုလောကအနှံ့ ခေါ်သွားလို့ရတယ်"

နောက်ဆုံး စကားကိုကြားတဲ့အခါ ယွိရင်မှာ ပါးစပ်ဟောင်းလောင်းလေး ဖြစ်သွားပြီး ပန်ကုန်းစွန်းနဲ့ ချင်းသွမ့်က တိတ်တိတ်ကလေး ရယ်လိုက်ကြသည်။ ပေကောလွီ တစ်ယောက်တည်းသာ နားရွက်တွေရဲကာ ရှင်ထန့်ဟောင်ကို ပြူးကြည့်နေ၏။

Controlling not to love you (OC) Completed Where stories live. Discover now