🍄Part (9)🍄ပထမဆုံးအနမ်းအားပေးခြင်း

3.1K 334 7
                                    

Controlling not to love you

                     🍄(9)🍄
          [ပထမဆုံးအနမ်းအားပေးခြင်း]

       ပေကောလွီ ထွက်ပြေးတော့မှာ သိတာကြောင့် ရှင်ထန့်ဟောင် ထိုသူလေးရဲ့ခါးကို အမြန်ဆွဲဖက်လိုက်ရလေသည်။ သူတို့နှစ်ဦး ရင်ဘတ်ချင်း နီးကပ်သွားတဲ့အခါ ပေကောလွီ ထိတ်ထိတ်လန့်လန့် ဖြစ်ကာ ရုန်းလိုက်သည်။

"မရုန်းနဲ့!"

        ပေကောလွီ အေးစက်စွာ ပြန်ကြည့်လိုက်သည်။

"လွှတ်ပေး"

"မလွှတ်ဘူး..... ကိုယ်မေးတာ မင်းမဖြေရသေးဘူးလေ? ကိုယ်မင်းနဲ့မတိုင်ပင်ဘဲ ပေညီအစ်ကို နှစ်ယောက်ကို ခေါ်လိုက်လို့ မင်းကိုယ့်ကို စိတ်ဆိုးနေတာမလား?"

"ကျွန်တော် စိတ်မဆိုးဘူး လွှတ်ပေး"

        ပေကောလွီ ရှင်ထန့်ဟောင်ရင်ဘတ်ကို တွန်းလိုက်သည်။ လျင်မြန်စွာ ရှင်ထန့်ဟောင်က သူ့လက်ကို ဖမ်းဆုပ်ကာ ခါးကိုပိုတင်းကျပ်လိုက်တာကြောင့် ပေကောလွီ ရုန်းဖို့ခက်သွားသည်။ အခြေအနေ မကောင်းရင် ပေကောလွီက သိုင်းကွက်တွေ ထုတ်လာနိုင်တာကြောင့် ရှင်ထန့်ဟောင် ခပ်မြန်မြန် လှုပ်ရှားလိုက်သည်။

         သူခေါင်းကို အသာလေးစောင်း၍ ပေကောလွီရဲ့ နှုတ်ခမ်းသားလေးကို ဖျတ်ကနဲ နမ်းလိုက်တော့၏။ ပေကောလွီ တောင့်တင်းသွားတော့သည်။ ဖျက်ကနဲနမ်းပြီး ပြန်ဆုတ်ခွာသွားသော်လည်း အထိအတွေ့က နူးညံ့ပြီး မိန်းမောလောက်၏။

         ပေကောလွီရဲ့ ပြူးကျယ်လွန်းသော မျက်ဝန်းတွေကို တွေ့လိုက်ရသောအခါ ရှင်ထန့်ဟောင် ရယ်သွေးသွမ်း၍ ပြောလိုက်သည်။

"ကိုယ့်ရဲ့ပထမဆုံး အနမ်းကို ရလိုက်တာ အဲလောက်တောင် လန့်သွားရတာလား.... လွီလွီ မင်းပဲ ပထမဆုံးအရာတွေကို လိုချင်တယ်ဆို......"

("သူ့ရဲ့ပထမဆုံးအနမ်း? မဖြစ်နိုင်ဘူး!")

        ပေကောလွီ ရှင်ထန့်ဟောင်အား တွန်းထုတ်ပစ်လိုက်သည်။ ရှင်ထန့်ဟောင် လက်ဖက်ရည် မွှေးမွှေးကို သောက်ထားတာကြောင့် သူ့နှုတ်ခမ်းပေါ်တွင် အမွှေးရနံ့ ကျန်ရစ်ခဲ့၏။ ပြင်းပြင်းထန်ထန် တွန်းထုတ်ခံရပေမယ့် ရှင်ထန့်ဟောင်က ပြုံးနေတုန်း။

Controlling not to love you (OC) Completed Where stories live. Discover now