Part🍄 (10)🍄ကိုယ့်အကြိုက်ကိုဘယ်လိုများသိလဲ

2.9K 335 2
                                    

Controlling not to love you

                     🍄(10)🍄
         [ကိုယ့်အကြိုက်ကိုဘယ်လိုများသိလဲ?]

"အရှင်.... ကျွန်မ အရှင်ကြိုက်တဲ့ ကြက်စွပ်ပြုတ်ကို ချက်ထားပေးတယ်.... အရှင် မြည်းကြည့်ပါဦး...."

        ရှင်ထန့်ဟောင် ကိုယ်လုပ်တော်တွေကို မျက်နှာသာ ပေးခဲ့တယ်ဆိုတာက ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း ပေကောလွီကို မနေ့ကတင် ပြောပြခဲ့သည်။ ယခု ကိုယ်လုပ်တော်က သတင်းထဲတွင် သူသဘောအကျဆုံး ကိုယ်လုပ်တော်ချင်းကု ဖြစ်နေ၏။

        အဲဒါအပြင် တစ်ဖက်မှာက သူသဘောကျနေမိတဲ့ ပေကောလွီက ရှိနေလေရာ ရှင်ထန့်ဟောင် သူမကို မျက်နှာသာမပေးချင်တော့ပေါ အစကတည်းက ချင်းကုကို သဘောကျတယ်ဆိုတာက ဟန်ဆောင်ခဲ့တာ သက်သက်ပဲလေ။

        ရှင်ထန့်ဟောင် ပေကောလွီကို မော့ကြည်လိုက်သည်။

"လွီလွီ..... ကိုယ့်နားလာထိုင်"

        ချင်းကု ချက်ချင်း မျက်နှာပျက်သွားတော့သည်။ အရှင်ဧကရာဇ်က သူမကို လျစ်လျူရှုထားသလိုပဲ။ သူမချပေးတဲ့ ကြက်စွပ်ပြုတ်ကို ထိတောင်မထိရသေးဘဲ ပေကောလွီကို အနားမှာ အရင်ထိုင်ခိုင်းနေသည်။

"အရှင်..... ကျွန်တော် နောက်နေ့မှပဲ"

"မရဘူး အခုလာထိုင်ပေး"

         ရှင်ထန့်ဟောင် သူ့ဘေးနားက နေရာလွတ်ကို ပုတ်ပြလိုက်သည်။ ပေကောလွီ တစ်ဖက်လူ၏ မျက်လုံးထဲက ဒေါသအရိပ်တွေကို တွေ့တဲ့အခါ ရွေးချယ်စရာ မရှိတော့ဘဲ ရှင်ထန့်ဟောင်ဘေးမှာ သွားထိုင်လိုက်ရတော့သည်။

        သူက ထိုင်ပြီးပြီးချင်း ဟင်းပွဲတစ်ပွဲကို တွေ့သွားသည်။ ထိုအရာက ရှင်ထန့်ဟောင် ကြိုက်တတ်သော ဟင်းလျာတွေထဲက တစ်ခုပင်။ သူကြည့်နေစဥ် တူတစ်စုံသည် ထိုဟင်းလျာပေါ်ကို ကျရောက်လာ၏။

"အဲတာမစားနဲ့"

        ရှင်ထန့်ဟောင်ရဲ့တူဟာ ဟင်းခွက်ပေါ်မှာ ရပ်တန့်သွားပြီးတော့ ပေကောလွီကို ကြောင်အစွာနဲ့ စောင်းကြည့်လိုက်၏။ အမူအရာက ခန့်မှန်းရခက်သည်။ ပေကောလွီက သူစားချင်တာကို တားလိုက်တာကြောင့် စိတ်ဆိုးသွားခြင်းတော့ မဟုတ်ပေ။

Controlling not to love you (OC) Completed Where stories live. Discover now