LTAgo 1

15.1K 607 3
                                    

တိတ်ဆိတ်လွန်းသော အခန်းငယ်တစ်ခုအတွင်း ဟိုတယ်များ၌သာ ရနေကျသော Fresher နံ့သင်းသင်းသာ နေရာအပြည့်ယူထားသည်။
ထိုနှင့်မတူစွာ ကွဲပြားလွန်းသော စူးရှရှ အနံ့တစ်မျိုးရှိသည်ကိုလည်း သူခံစားမိ၏။
အတိုင်းအတာ တစ်ခုထိ ကြိုက်နှစ်သက်ခဲ့ရသော စူးရှလွန်းသည့်အနံ့သည် ချိုအီလွန်းသော Fresher အနံ့များထဲတွက်သိသိသာသာ ကွဲထွက်နေသည်။

" မွှေးလိုက်တာ..."

ထိုအနံ့ပိုင်ရှင်နားအား တိုးကပ်သွားမိသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ် အစုံသည် တင်းကြပ်စွာ ဖက်တွယ်ခြင်းခံလိုက်ရသည်။
​အရိုးတွေ ကျိုးကြေမတက် ခံစားလိုက်ရသည်မို့ သူ့အသိကပ်မိ၏။မကပ်လို့လည်း မရ။

မျက်လုံးနှစ်လုံးဖွင့်သည်နှင့် ပထမဆုံး မြင်ရသည်မှာ မနှစ်မြို့ဖွယ်ကောင်းရာ။
ဗလာကျင်းနေသည့် ယောကျ်ားတစ်ယောက်၏ ရင်အုပ်ပြင်ကျယ်။

ကျွတ်...သူမနေ့က ဘယ်သူနဲ့အိပ်ခဲ့မိလဲ။ကိုယ်ကိုကိုယ်တောင် ဘယ်သူနဲ့ဖြစ်ခဲ့မှန်း
မသိတဲ့ သူက မသတီစရာ ကောင်းလိုက်ပုံများ။
ထိုအနှီယောကျ်ား၏ ရင်ခွင်ထဲ ရောက်နေသော သူ့ကိုယ်သူအား မနှစ်မြို့စွာ။

ကျွတ်....
ရှောင်းကျန့်...ရှောင်းကျန့််...ရည်းစားဟောင်းရဲ့လက်ထပ်ပွဲအတွက်နဲ့ ဘယ်သူနဲ့ အိပ်ခဲ့သလဲ။

ထိုယောကျ်ားသား၏ ရင်ခွင်ထဲတွင်တစ်စက္ကန့်လောက်မျှ မနေချင်ပါ။
ကိုယ်ကိုရို့လို့ ထမည်အလုပ်....

" ကျန့်ကော.... "

​သြရှရှအသံ။
ထိုသြရှရှအသံသည် ခပ်အက်အက်။

ကျန့်ကော လို့ ခေါ်တက်သူမှာ တစ်ယောက်သောသူကလွဲပြီး မည်သူတစ်ဦးတစ်ယောက်မှ မဖြစ်နိုင်။ဒါပဲလေ...ရှောင်းကျန့်က လွယ်တဲ့သူမှမဟုတ်ဘဲ...အဲ့ဒီလူမလို့သာ...သူဒီလိုမှားရခြင်း။

" ဝမ်ရိပေါ်...."

မဖြစ်တော့။
တစ်စက္ကန့်မပြောနဲ့... စက္ကန့်ဝက်လောက်တောင် " ဝမ်ရိပေါ် " နှင့်အနီးကပ်မနေချင်ပါ။
အခုလို...မသင့်တော်ဖွယ်နေရာ ဆို ပိုလို့ဆိုး၏။ခန္ဓာကိုယ်အားစိုက်လို့ ကုန်းရုံးထပြန်တော့ သိသိသာသာ အောင့်မြက်သွားတော့ ခါးအောက်ပိုင်းက ညပိုင်း အခြေနေတွေကို
အနှေးပြကွက်နဲ့ ပြန်လည်မြင်ယောင်လာသည်။

Long Time Ago ( Complete) Where stories live. Discover now