LTAgo 34

2.7K 274 5
                                    


လေတစ်ချက်အဝေ့ လှုတ်ခတ်သွားတတ်သော ချူသံက​လေးများက တချွင်ချွင်။

ယရ်ပင်ဘုံကျောင်းသည်
ချုံချင်းမြို့အပြင်မှာ တည်ရှိနေသောကျောင်းတစ်ခုမလို့ လူသူအနည်းကျင်းလောက်သာ ရှိသည်။တစ်ဆောင်နှင့် တစ်ဆောင် အလှမ်းဝေးစွာ တည်ဆောက်ထားသော ကျောင်းဆောင်များ အတွင်းမှ ဘုန်းတော်ကြီးများ၏ အုန်းမောင်းခေါက်သံ။ဘုရားစာ ရွတ်ဖတ်များကို စိတ်နှလုံး ချမ်းမြေ့စွာ ကြားရသည်။

ကျောင်းဝင်းအတွင်း စနစ်တကျ စိုက်ပျိုးထားသော ပန်းပင်ငယ်များ ရှိသလို လွတ်ဟနေသော မြေကွက်လပ်တွင်လည်း အလေ့ကျပေါက်လေ့ရှိသော ပေါင်းပင်အနည်းငယ်နဲ့မြက်ရိုင်းများကိုတွေ့ရသည်။အများစုမှာ
အစိမ်းရောင်သစ်ပင်ကြီးများကာ ထူပိန်းအုံ့မှိုင်းနေသည်။သစ်တစ်ပင်၏ သစ်အရိပ်သည် လူဆယ်ယောက်စာမက ခိုနားဖို့ လုံလောက်သည့် အေးမြမှုကို ပေးစွမ်းသည်။

ဘုံကျောင်းကြီး၏ ညာဘက်တွင် လူလုပ်ရေစမ်းချောင်းလေးသည် ငြိမ့်ညောင်းစွာ တသွင်သွင် စီးဆင်လို့နေသည်။ဘုံကျောင်းကို ရောက်သူတိုင်းသည် ထိုစမ်းချောင်းလေးမှ ရေကို လက်ဖဝါးနှစ်ဖက် စုယှက်ကာ ခံယူသောက်သုံးလေ့ရှိသည်။ဘေးအန္တရာယ်ကင်းရှင်းသည် ခံယူချက်ဖြင့် သောက်သုံးခြင်းဖြစ်သည်။

ဘုရားအရိပ် တရားအရိပ်သည် လူနတ်ဗြဟ္မာ
သတ္တဝါမရွေး ဒီသံသရာတွင် ကျင်လည်နေကြကုန်သော သက်ရှိသက်မဲ့ များ၏ အပူမီးများကို ငြိမ်းချမ်းစေသည်။ထို့ကြောင့်ပင်
လူ့ဘောင်လောကတွင် ဖြစ်မြဲပျက်မြဲ မတည်မြဲခြင်းသဘောတရားများ၊ အတ္တ၊လောဘ၊မောဟ မပြီးဆုံးနိုင်သော အလိုဆန္ဒများကို ချုပ်ငြိမ်းပါစေရန် ရည်ရွယ်ချင်ဖြင့် ဗုဒ္ဓ၏ အရိပ်ကို ငြိမ်းချမ်းစွာ ခိုဝင်ကြသည်။

သတ္တဝါတိုင်းအပေါ် အေးချမ်းစေသော ဗုဒ္ဓရှိရာ အရပ်သည် ရှောင်းကျန့်တစ်ယောက်အပေါ်ကိုတော့ ပူလောင်စေသည်မက ပူလောင်စေပါသည်။တရားဘာဝနာ အားထုတ်နေကြသည့် ဘုန်းတော်ကြီးများ ရှိနေသည်ကို သိသော်ငြားလည်း ပြေးလွှားနေသောသူ၏ခြေလှမ်းများကို မရပ်တန့်ပေးနိုင်ပါ။သုံးဧက နီးပါး ကျယ်သော ဘုံကျောင်းဝန်းကြီးအတွင်း ဟိုပြေး သည်ပြေးလုပ်ကာ
ကျောင်းအဆောင်တွေကြားမျက်စိကစားပြီး တစ်ယောက်သောသူကိုရှာမိမှာ ကောက်ရိုးပုံထဲ အပ်ရှာနေရသလိုပင်။

Long Time Ago ( Complete) Where stories live. Discover now