Daddy Wang2

2.5K 176 5
                                    

Daddy Wang2

နေရောင်နွေးနွေး မနက်ခင်းရဲ့စတင်ခြင်းဟာ သမီးငယ်လေးရဲ့ မျက်မှာနုနုငယ်ထံ၌တစ်ပါး။တစ်နှစ်သမီးကတည်းက အခန်းခွဲအိပ်သင့်သော်လည်း အကြင်နာပိုစွာ မခွဲရက်တော့ ချစ်ရတဲ့အိမ်သားက မျက်စောင်းထိုးသည်။
' ငါလည်း သမီးကို ချစ်ပါတယ်...မင်းက ပိုကိုပိုတယ် ' တဲ့။အဲ့လိုနဲ့ သမီးငယ်နှစ်နှစ်ခွဲလောက်မှ အခန်းခွဲသိပ်ရတာ။

မသိပ်လို့လည်းမရဘူး။
သမီးငယ်က မိန်းကလေး ၊ ကိုယ်တွေက ယောကျ်ားသားတွေ။သားသမီးနဲ့မိဘ ဆိုပေမဲ့ ရိပေါ်က လိုအပ်တဲ့စည်းတွေအထပ်ထပ်ခြားပြီးသား။

ခွဲအိပ်ကာစမှာ သမီးငယ်ရဲ့အခန်းရှေ့ညလုံးပေါက်ခဲ့ရတဲ့သူ့ကို အိမ်သားက မကြည်အကြည့်နဲ့ ကြည့်ပြန်တော့လည်း ဝမ်ရိပေါ်တို့က ခပ်ပြုံးပြုံးပဲ... ' သမီးကိုမွေးထားရတာ ငါပါ...သမီးကို ငါချစ်ဖို့လည်း ချန်ပါဦးလား ' တဲ့။

အင်းးးသူကလည်း သူပဲ။
သမီးနဲ့ပက်သက်ရင် သူကပိုကိုပိုမိနေတာ။

သမီးငယ် ရက်တစ်ရာပြည့်မှာပေးခဲ့တဲ့ နာမည်လှလှလေးက သူ့အိပ်မက်လေးထဲကအတိုင်း စော်အော်လေးလို့။ဝမ်စော်အော်။

ဝမ်စော်အော်။

ဝမ်မျိုးရိုးစော်အော် အမျိုးသမီးလေးအကြောင်းစီကာပတ်ကုံးပြောရရင် တကယ်မလွယ်လှဘူး။လူက ရှိတော့သာနီတာရဲအကောင်ပေါက်လေး။လူ့လောကထဲရောက်လာတာ တစ်ပတ်မပြည့်သေးဘူး။ရိပေါ်ကိုဆို ကလန်ကဆန်သိပ်လုပ်...။ရိပေါ်တိုက်တဲ့ နို့ဗူးဆို လက်သေးသေးလေးတွေနဲ့တွန်းဖယ်ရတာတို့...၊ရိပေါ်ချီရင် ငိုရတာတို့နဲ့ ။ဒါတောင် ရိပေါ်ပွေ့တိုင်း ဒင်းရှူးပေါက်ချတာ မပါသေးဘူး။

ဒီနီတာရဲပေါက်စလေးအရွယ်မှာတောင် ရိပေါ်စကားကို နားမထောင်ဘဲ ကလန်ကဆန်လုပ်ချင်နေတာ...ဝမ်စော်အော်တို့အရွယ်များရောက်လာရင် ဝမ်ရိပေါ်တို့ဘယ်လိုများထိန်းရပါ့....

နီတာရဲလေးကိုကြည့်ပြီး ရိပေါ်က သူကြားဖူးတဲ့ဆိုရိုးစကားတစ်ခုတောင် သွားသတိရမိသေး...။ဘာတဲ့...သမီးတစ်ကောင် နွားတစ်ထောင်တဲ့။

Long Time Ago ( Complete) Where stories live. Discover now