LTAgo 37

2.6K 244 1
                                    

တီ...တီ....

" Hello...."

" အိပ်တာကို နိုးမိသလို ဖြစ်သွားလား "

သူ့၏ စိတ်ချင်မူးတူးအသံကို တစ်ဖက်က သိပုံရသည်။အပိုင်တွက်သလို ပြောလာသဖြင့် ရှောင်ကျန့် နှာခေါင်းရှုံံ့မိသည်ထင်။အဲ့ဝမ်ရိပေါ်ဟာလေ ရှောင်းကျန့်အကြောင်းကိုဆို သူသိသူတက် သိပ်လုပ်ချင်တာ။

ဖုန်းမျက်နှာကိုနားနှင့်ခွာကာ Screen ပေါ်မှ တရုတ်စံတော်ချိန်ကိုကြည့်လိုက်သည်။ ညခင်း 10 ကျော်နေပြီ။

ဒီအချိန်ထိ ဒီကောင်လေးမအိပ်သေးဘဲ ဘာလုပ်နေတာလဲ။

လှဲအိပ်နေရာမှ ထကာ စာကြည့်စားပွဲပေါ် ထိုင်လိုက်သည်။အခန်းက ကျဥ်းတဲ့အထဲ ပါသည်မို့ တစ်ယောက်ဖုန်းပြောရင် တစ်ယောက်ကြားနိုင်သည့်အနေအထား ရှိသည်။
ဒီအချိန် ကျန်းချန်က အိပ်ပျော်နေပြီ။သူ့အတွက်ကြောင့်နဲ့ ကျန်းချန်ကို အိပ်ရေးမပျက်စေချင်ပါ။

" ညနေက ပြန်ရောက်ရောက်ခြင်း အိပ်ပျော်သွားတာ....ထမင်းတောင် မစားရသေးဘူးပဲ...ဝှါးးးး "

ဘေးနား လူမရှိတာသေချာတာကြောင့်
ရှောင်းကျန့် ပါးစပ်တစ်ခုလုံးကို ဗြဲကာ မျက်ရည်တွေဝေတဲ့အထိ သမ်းမိသည်။ဘေးနားလူရှိရင်တော့ အိန္ဒြေရရ ပါးစပ်ကို လက်ကလေးနဲ့အုပ် ယဥ်ကျေးစွာ သမ်းဝေမည် ဖြစ်သည်။

တကယ်တော့ ရှောင်းကျန့်က အခုတလော အနေအထိုင်ဆင်ခြင်နေတာ။သူ့ကိုယ်သူ အဖန်တလဲလဲ ပြန်တွေးကြည့်မိလည်း သူက ဝမ်သခင်လေးနဲ့ မတန်ပါဘူးဆိုတဲ့အဖြေပဲထွက်သည်။ဘယ်လိုအနေအထား ဘယ်လိုရှု့ထောင်က ကြည့်ကြည့် ရှောင်းကျန့်လိုဘာမဟုတ်တဲ့ကောင်နဲ့ ဝမ်သခင်လေးက မိုးနဲ့မြေလိုကွာခြားနေတာမဟုတ်လား။

ဒါ့ကြောင့် သူ့အပြုအမူတစ်ခုချင်းစီတိုင်းကို လက်လွတ်စပယ်မလုပ်ဘဲ အနေအထိုင်ပီရိအောင်ကြိုးစားနေသည်ပေါ့။ဝမ်ရိပေါ်ကတော့ သူဘယ်လိုနေနေ ချစ်ပြီးသားဆိုတာကို သိပေမဲ့ ရှောင်းကျန့်က ကောင်လေးအတွက် ပြောင်းလဲပေးချင်တဲ့စိတ်ကလေးကလည်း ရှိနေတာလေ။

" နောက်တစ်ခါ အစာမရှိရင် မအိပ်နဲ့လေ..."

" အင်းးပါ.... "

Long Time Ago ( Complete) Where stories live. Discover now