LTAgo 2

7.1K 512 0
                                    

ဖြစ်ခဲ့သမျှ အရာအာလုံးကိုအတိုချုံးကြည့်ရမယ်ဆို ရှောင်းကျန့်ဟာ သူ့အဖေမတူအမေကွဲ ညီလေး ဝမ်ရိပေါ် ကိုလက်ထပ်ရမည်တဲ့။

တစ်ပတ်အတွင်းဖြစ်ပျက်ခဲ့သမျှဟာ ရှောင်းကျန့်လိုက်မမှီနိုင်အောင်ပါဘဲ။
လွန်ခဲ့တဲ့ တစ်ပတ် ဟိုတယ်ကအပြန် ရှောင်ကျန့် 24 Hours mini mart တစ်ခုမှာ အကိုက်အခဲပျောက်ဆေးရယ် ဆိုဒါတစ်ဗူးယ် နောက် အားလူးကြော်အချို့ သုံးမျိုးသာဝယ်ပြီး Bill ရှင်းခဲ့သည်။

နေထိုင်ရာ ကွန်ဒိုဟာ သူရှိနေခဲ့အတိုင်းမပြောင်းမလဲပါဘဲ။
အရာဝတ္ထုတွေဟာ မပြောင်းလဲပါဘဲနဲ့ ပြောင်းလဲလာတာသူ့စိတ်။ဒီ အကျင့်မကောင်းတဲ့ ဝမ်ရိပေါ် နဲ့တွေ့မှ သူ့စိတ်က အရင်လိုမဟုတ်တော့။

နေနိုင်အောင်နေခဲ့ပြီးမှ ဘာလို့ပြန်ရောက်လာခဲ့သလဲ။ထို့အပြင် တစ်ပတ်အတွင်း လက်ထပ်တော့မဲ့ သတင်းနဲ့အတူ။
တန်းစီနေတဲ့ ခေါင်းပေါ်က Question Mark
အချို့ကို အဝေးနှင်ရသည်။

သောက်လက်စ ဆိုဒါဗူးကိုချလို့ တတောင်တောင်မြည်နေတဲ့ ကွန်ဒို တံခါးကို သွားဖွင့်လိုက်သည်။ ပထမဆုံး မြင်ရသည်က မေလျန်းရှဲ့။

သူ့ရဲ့ တက္ကသိုလ် ဂျူနီယာမလေး... တစ်နည်းအားဖြင့် သူ့အမေမတူ ဖအေကွဲ ချစ်ညီလေးရဲ့ အနာဂတ်ဇနီးလောင်း။

မကြာခင်တော်စပ်ရမည့် ခယ်မလှလှလေးဟာ သူ့ကိုကျော်ပြီး သူ့တိုက်ခန်းအတွင်း မျက်စိဝေ့ဝဲသည်။

မည်သည်ကိုရှာနေသလဲ?

" အကိုရှောင်း...မေ့ကို အခန်းထဲမခေါ်တော့ဘူး...ဒီလိုပဲ ရပ်ခိုင်းနေမှာလား..."

မသင့်တော်ပါဟု သူအပြည့်အဝတွေးချိန်မရလိုက်။
ရဲတင်းလွန်းသော မေဟာ သူ့ကိုတွန်းတိုက်ပြီး ဧည့်ခန်းဝက ဆိုဖာပေါ်မှာတောင်အကျအန ထိုင်နေပြီမဟုတ်လား။

" ဘာကိစ္စလဲ... မေ..."

မေဟာ သူ့ကိုတစ်ချက်ကြည့်သည်။
ထို့နောက် ကြမ်းပြင်ကိုသာ တွေတွေလေး ငေးမောနေပြန်သည်။
မေလျန်းရှဲ့ ဟာအတွေးများလွန်းသည် ဟုရှောင်းကျန့်အရင်ကတည်းသိထားသည်။
အခုချိန်တွင် မေလျန်း သူ့ကိုပြောစရာတွေများရှိနေသလား။

Long Time Ago ( Complete) Where stories live. Discover now