LTAgo 10

4.4K 357 0
                                    

( Note-Warning ။
ကိုယ့်ဘက်ကအရေးအသားကိုသင့်တော်အောင်ရေးမှာဖြစ်သည့်အတွက် အဆင်မပြေတာရှိရင် စိတ်ရင်းနဲ့ တောင်းပန်ပါတယ် )

.......................................................................

" ကျန့်ကော ညစာဘာစားမလဲ "

ဒါဟာ ဝမ်ရိပေါ်စီမှထွက်လာသည့် ပထမဆုံးသော စကားတစ်ခွန်းပင်။မဂ်လာပွဲပြီးပြီးချင်း မိတ်ကောင်းဆွေကောင်းတစ်ချို့လောက်ကို နှုတ်ဆက်ပြီးတာနဲ့ သူတို့နေရမည့်အိမ်အသစ်သို့ရောက်လာခဲ့သည်။တစ်လမ်းလုံးတွင် ဝမ်ရိပေါ် ဘက်မှစကားစမပြောခဲ့သလို သူကလည်း တစ်ခွန်းလောက်ပင်မဟခဲ့။တိတ်တဆိတ်နဲ့ လိုက်ပါခဲ့သည်မှာ အိမ်သို့ရောက်သည်အထိ။

မီးခိုးရောင်မှိုင်းသည့် နှစ်ထပ်အိမ်မကြီးသည် အသင့်အတင့်ကျယ်သော ခြံဝန်း၏ဘယ်ဘက်တွင်ရှိသည်။ကျယ်ဝန်းသောခြံဝန်းသည်ဧရိယာဘယ်လောက်အထိကျယ်ပြန့်သလဲ ရှောင်းကျန့်မသိပါ။သူ့မျက်လုံးထဲမှာတော့ လိုတာထပ်ပိုနေပါသည်။အိမ်မကြီး၏ဘယ်ဘက်တွင် ဂိုထောင်အသေးတစ်ခုရှိပြီး ညာဘက်တွင်တော့ မှန်လုံဥယာဥ် တစ်ခုရှိသည်။ထိုမှန်လုံအိမ်ကိုရှောင်ကျန့်သဘောမကျပါ။သူ့ဘက်က လုပ်ငန်းတွေနဲ့မအားလပ်သလို ဝမ်ရိပေါ်သည်လည်း အားနေမည်မဟုတ်။ထိုဥယာဥ်ထဲက ပန်းပင်များကိုဂရုစိုက်ဖို့ အချိန်မပေးနိုင်ပါဘဲနဲ့ ရှောင်းကျန့်မစိုက်ပျိုးချင်။ခြံတံခါးနှင့် အိမ်မကြီးကြား လျှောက်လမ်းသာရှိပြီး ကျန်သည့်နေရာများတွင် မြက်ခင်းစိုစိုများဖြင့်ပြည့်နေသည်။
နေချင်စရာကောင်းသည့်အိမ်ဖြစ်နေပါရက်နဲ့ တဆက်တည်း မှိုင်းညို့နေသည့်အိမ်ဖြစ်တာကြောင့် ကျောချမ်းစရာလည်းကောင်းနေပြန်သည်။နောက်ကျရင်တော့ ဝမ်ရိပေါ်ကို မီးခိုးရောင်မှိုင်းအစား တစ်ခြားအရောင်လေးသုံးပေးဖို့ပြောရမည် ဟုတေးထားလိုက်၏။

အိမ်ထဲရောက်ရောက်ချင်း နေရာစုံအောင်လှည့်ပတ်ကြည့်မနေတော့။မနက်အစောကတည်းက ထ ရတာတစ်ကြောင်း၊တွေ့သမျှလူကိုသိသိမသိသိ ပါးစပ်ဖြဲနှုတ်ဆက်နေရတာတစ်ကြောင်း ဟူးးးသူအတော်ပန်းနေပြီ။
မျက်လုံးတွေမဖွင့်နိုင်အောင်ပင်ပန်းနေတာမို့ ဝမ်ရိပေါ်ကို နေရမည့်အခန်းမေးပြီး တန်းထိုးအိပ်ပြစ်လိုက်သည်။အဝတ်အစားတောင်မလဲလိုက်ရ။

Long Time Ago ( Complete) Where stories live. Discover now