LTAgo 45

3K 265 8
                                    

ဒီကနေ့ ရာသီဥတု မကောင်းဘူး!

ရှောင်းကျန့်ရှိရာ အရပ်မှာ ဥတုတစ်ခုလုံး အုံ့မှိုင်းပြီး မိုးသည်းထန်စွာရွာတယ်။
ရှောင်းကျန့်က ကျလက်စမျက်ရည်တွေကို ခပ်ကြမ်းကြမ်းပွတ်ဆွဲသုတ်ပြစ်ပြန်တယ်။ပါးတစ်ဝိုက်နဲ့ နှာခေါင်းတစ်ခုလုံး နီရဲနေပုံထောက် ရှောင်းကျန့်က ရေချိန် အတော်ကိုက်နေပြီ။

" စိတ်ညစ်စရာ ရှိလို့လား? "

အနက်ရောင်ကြိုးတစ်ချောင်းနဲ့ ရင်သားများအလှဖော်ဝတ်ထားတဲ့မိန်းကလေးက အနီရဲရဲနှုတ်ခမ်းအဆီကို ဆိုးထားသေးတယ်။တင်ဖုံးရုံအနက်ရောင်ဘောင်းဘီကလည်းးမမြင်ကောင်း ဖြူဖွေးနေတဲ့ ကိတ်လှတဲ့ တင်သားဖွေးဖွေးများကိုလည်း ရှောင်းကျန့်က စိတ်ရှုပ်ဖို့ကောင်းစွာ မြင်နေရသေးပြန်တယ်။
ရှောင်းကျန့်ပေါင်ပေါ် တက်မထိုင်ရုံတမယ် ပွတ်ကပ်နေတဲ့ ထိုအနှီမိန်းကလေးကို ရှောင်းကျန့်က နှာမှုတ်တယ်။

အပေါစား မိန်းမ!

" ကိုယ်က Gay..... "

ခပ်ဟဟပြောရင်း ရှောင်းကျန့်က လက်ကျန်ခွက်ထဲက အရည်ခါးတွေကို တစ်ချက်တည်းမော့တယ်။ဘောင်းဘီအိတ်ထဲ အဖြူရောင်စီးကရက်ကို နှုတ်ခမ်းကြားတေ့ပြီးကာမှ ရှောင်းကျန့်မှာ မီးခြစ် မပါမှန်းသတိရတော့တယ်။

" တို့ မီးခြစ်သွားယူပေးမယ်.... "

ကျစ်!အာရုံတွေ...

' ဝမ်ရိပေါ် ကိုယ်တိုင် Confirm ပေးပြီးသွားပြီ ရှောင်ကျန့်...။မေလျန်းရှဲ့နဲ့ဝမ်ရိပေါ်က ကိုရီးယားမှာတောင် စေ့စပ်ပွဲလုပ်ပြီးသွားပြီ....မနက်ဖြန်တရုတ်ကိုပြန်လာတော့မှာ!
ဟုတ်မဟုတ်တော့မသိဘူးးး တရုတ်မှာ လက်ထပ်ပွဲလုပ်မယ် ကြားတယ် ! '

ရသမျှသတင်းကို ကျန်းချန်းက ရှောင်းကျန့်အတွက် သယ်လာပေးတယ်။

ရှောင်းကျန့်တွေးမိသေးတယ်။
ရှောင်းကျန့်ရဲ့ရည်းစားဟောင်းနဲ့ ရှောင်းကျန့်ငြင်းပယ်ခဲ့တဲ့ မိန်းကလေးက ရှောင်းကျန့်ကို ပြန်ပြီးလက်စားချေနေတာလား ပေါ့။

မေလျန်းရှဲ့က ရှောင်းကျန့်ကို တဖတ်သတ်ရူးနေတာ အချိန်တော်ကြာပြီ။ရှောင်းကျန့် ဆေးနောက်ဆုံးနှစ်မှာ မေလျန်းရှဲ့နဲ့ရှောင်းကျန့်သူငယ်ချင်းတစ်ယောက်ကို အောင်သွယ်ပေးခဲဲ့သည်။ရှောင်းကျန့်အနေနဲ့ ရှင်းပါတယ်။
မေလျန်းရှဲ့ က သိပ်တွယ်ကပ်လွန်းတာမလို့ ရှောင်းကျန့်က မမြင်ရလေ ကောင်းလေ။

Long Time Ago ( Complete) Where stories live. Discover now