LTAgo 7

4.6K 373 4
                                    

လက်ထပ်ခွင့်တောင်းခြင်းဟု တစ်ဖက်သတ်အမည်ပေးထားတဲ့နောက်မှာ
တိုးတက်လာသည်ဟုပင်ပြောလို့သည်။
မေးထူးခေါ်ပြောသဘောမျိုးထက်တစ်ခုခုဆို တိုင်ပင်လာတဲ့အထိ။အင်းလေ...သူတို့နှစ်ယောက်ရဲ့ပွဲပဲဟာ...သူတို့ကိုယ်တိုင်စီစဥ်မှပေါ့...မျက်နှာလွှဲခဲပစ်လုပ်ပြီးတစ်ခြားသူနဲ့ထားခဲ့ဖို့လည်း ရှောင်းကျန့်က စိတ်မဖြောင့်ဘူး။

သဘောကျခဲ့တဲ့ အချိန်တွေသာ မရှိခဲ့ပါလျှင် တကယ်ညီအကိုဆက်ဆံရေးမျိုးဖြစ်လို့ အခုချိန်မှာ ဆက်ဆံရေးက သိပ်တော့နေရမခက်တော့တာအမှန်ပဲ။

ဝမ်ရိပေါ်သည် ယခုအထိသူ့အကြိုက်များကိုမှတ်မိနေဆဲပင်ဖြစ်သည်။အကြောင်းရှိလျှင်သူနှစ်ခါပြောဖို့မလို ဝမ်ရိပေါ်ဘက်အကုန်အပြီးစီးလုပ်ပေးထားပြီးသား
။သူ့ဘက်ကနောက်လှည့်ကြည့်စရာမလို။

ဝမ်ရိပေါ်နှင့်တင်အဆင်ပြေလာသည်ဆိုတော့လည်းမဟုတ်။ဝမ်သခင်ကြီးနဲ့သူ့မားမားနဲ့ရောဆက်ဆံရေးကောင်းမွန်လာသည်။
အရင်က စကားတစ်လုံးစနှစ်လုံးစသာပြောတက်သော ဝမ်သခင်ကြီးပင် သူ့ကိုသားတစ်ယောက်နေရာအစာထိုး၍ လုပ်ငန်းအကြောင်း စီးပွားရေးအကြောင်း မိသားစုကိစ္စများတိုင်ပင်လာသည်။အားကိုးလာသည်။ကြည့်ရတာ လက်ထပ်ပွဲပြီးရင် Wang Group ကို ရှောင်းကျန့်တို့ နှစ်ယောက်လက်ထဲ ထိုးအပ်တော့မဲ့ပုံပဲ။

မားမားသည်လည်း တစ်ဖက်ကသားအရင်း နောက်တစ်ဖက်က လင်ပါသား၊ သားအရင်းနှင့်မခြားကျွေးမွေးခဲ့ရသည့် ကလေးမို့ လက်ထပ်ပွဲကို လက်မခံလျှင်တောင် ကန့်ကွက်ခြင်းတော့မပြုခဲ့။
အရာအာလုံး ဝမ်ရိပေါ်သဘော ဆိုပြီး မိဘနှစ်ပါးလုံးက ဝမ်ရိပေါ်ကိုပင် ယုံယုံကြည်ကြည်နဲ့လက်လွှဲထားသည်။

သေချာပါတယ်။
သူလက်ခံခဲ့သည့် ထိုလက်ထပ်ပွဲသည် သူ့ဘဝတစ်လျှောက်လုံးတွင်အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့သည်။

••••••••••••••••••••••••••••••••••••••••••••••••••

လက်ထပ်ပွဲစဖို့ 23 နာရီသာလိုသောအချိန်တွင် ရှောင်ကျန့်ထံစာတိုတစ်စောင်ရောက်လာခဲ့သည်။

Long Time Ago ( Complete) Where stories live. Discover now