Choice''

1.5K 141 0
                                    

" အပါး နောက်ထပ်အိမ်ထောင်ပြုချင်တယ် သားငယ်... "

နောက်ထပ်အိမ်ထောင်?

ဝမ်ရိပေါ်မှာ တားခွင့်ရှိမလား။ဒီအဖေ ကိုယ့်အပေါ် ဘယ်လောက်နွေးထွေးပေးသလဲ၊ကောင်းသလဲ၊အမေ မရှိတော့တဲ့သူက မိခင်မေတ္တာကိုမတောင့်တဘူးခဲ့။ဒါက အပါးရဲ့ မေတ္တာတရားတွေကြောင့်။သူများကလေးတွေလို အမေမရှိလို့လည်း သူဘယ်တုန်းကမှ စိတ်ငယ်မအားခဲ့ရ။ဘယ်သူကမှလည်း အမေမရှိဘူးဆိုပြီး သူ့ကို မလှောင်ပြောင်ရဲခဲ့။ဒါဟာ အပါးရဲ့အရှိန်အဝါတွေကြောင့်။

မိခင်ဖြစ်သူနဲ့ တစ်စက္ကန့်တောင်အတူမနေဖူးသူမို့မိခင်ကိုတွယ်တာ တာဆိုမျိုးလည်း မရှိခဲ့ပါ။မွေးမိခင်မလို့သာ ကျေးဇူးတရားကို သိနေမိတာ။အပါးကိုချစ်ပေမဲ့ ဖာသိဖာသာ နေတက်တဲ့လူစားမလို့ အပါးကိုချစ်ပါတယ်ဆိုပြီးလည်း ပါးစပ်က ဖွင့်မပြောတက်။အပါးကို ချစ်တယ်လို့ပြောမဲ့အစား သူ့လိုအပ်ချက်အချို့ကိုသာပြောပြမည်။အပါးဘက်ကလည်း ချစ်တယ် လို့ဖြေမှာမဟုတ်ဘဲ သူ့(ဝမ်ရိပေါ်) လိုအင်များကိုသာ ဖြည့်စွမ်းမည်။

အပါးက သူ့လုပ်ငန်းတွေနဲ့သူဖြစ်နေတာကြောင့်ရော၊ကိုယ်က ချွဲတက်တဲ့ကလေးထဲမပါတော့ သားအဖနှစ်ယောက်လုံးအတွက် ချစ်ခြင်းမေတ္တာဆိုတာ ရင်ထဲကနေသာဖြစ်သည်။လုပ်တွေ့မှာတော့ ဘာလိုအပ်ချက်မှမရှိ အကုန်ပြီးပြည့်စုံနေသော သခင်ကြီးနဲ့သခင်လေး၏ သားအဖဆက်ဆံရေးသာသာ။

" အပါးသဘောပါ....ကျွန်တော်ကန့်ကွက်စရာမရှိပါဘူး! "

သူ သားဆိုးတစ်​ယောက်မလုပ်ချင်ပါ။အပါးစိတ်ဆင်းရဲရအောင်လည်း ကန့်လန့်မတိုက်ချင်။မ ကို ချစ်မှ ဥကိုမင်တာ ဆိုတဲ့ဆိုရိုးစကားတောင်ရှိသေးတာပဲ။မေမေ ဆုံးတာကလည်း သူ့တစ်သက်ရှိနေပြီ။အပါးသာ သားစိတ်မယားစိတ် ရှိနေရင် အခုချိန်ဆို ဝမ်သခင်ကြီးရဲ့အငယ်အနှောင်းတွေ၊တိတ်တိတ်ပုန်းမယားတွေ တန်းစီနေမှာပေါ့။
မုဆိုးဘိုအဖြစ် ဒီအချိန်ထိနေနေပေးပြီး သူ့ကိုလူတစ်လုံးသူတစ်လုံးဖြစ်လာအောင် ကျွေးမွေးပျိုးထောင်ပေးတာကိုပဲ ကျေးဇူးတင်သင့်နေပြီမဟုတ်လား။သူဘာကိုမှ စောဒကမတက်ချင်တော့။

Long Time Ago ( Complete) Where stories live. Discover now