LTAgo 43

2.7K 252 1
                                    

" ဝေ့ ရှောင်းကျန့်ရာ...နားပါဦးကွ....  "

" ရတယ် သာကောတို့သာ အရင်နားနှင့် ကျွန်တော် ဒီတစ်ပိုင်းပြီးမှ လာခဲ့မယ်... "

ယာဥ်သုံးလောင်စာဆီတွေအပြည့်သယ်ထားတဲ့ ယာဥ်အကြီးစား​မှ သွယ်တန်းထားသော ပိုက်ရှည်များသည် သိုလှောင်ရုံ ဓာတ်ဆီကန်ကြီးထဲ လောင်စာဆီအမျိုးအစားကွဲပြားစွာ
အပြည့်သွင်းသည်။တသောသော စီးနေသည့် ဓာတ်ဆီအနံ့များ သူ့တကိုယ်လုံးစွဲသည်။
အရေးတယူမလုပ်မိတော့။ဒီဓာတ်ဆီအနံ့တွေနဲ့ ရှောင်းကျန့်က အရမ်းရင်းနှီးနေပြီ။

" အကိုရှောင်းရော ဘယ်မှာလဲဟင်... "

ချိုအီအီအသံက အရင်လာသည်။
နံဟောင်သောဓာတ်ဆီအနံ့များနှင့် ကွဲထွက်လျက် မိန်းကလေးသုံးရေမွှေးအနံ့က ဓာတ်ဆီဆိုင်အလုပ်သမား
တန်းလျားမှ အနားယူနေကြသော အလုပ်သမားယောကျ်ားသားကြီးများကြား ရှုတ်ရှုတ်သဲသဲ ဖြစ်စေသည်။

ဘယ်ကျားမှ အသားမရှောင်ဘူးလေ။

အဟက်!!
ရှောင်းကျန့်က ကျားတော့ကျားပဲ။အသားမစားတဲ့ ကျား!

အသားတွေက ညှီလွန်းတယ်။ရှောင်းကျန့် အကြိုက် မဟုတ်ဘူး။

" ရှောင်းကျန့်ရေ...ဒီမှာ မင်းမဒီလေး လာနေတယ်ကွ! ဟေ့...ငါ့ကောင် ရှောင်းကျန့်... "

" လာပြီ သာကော... "

ကားကြီးထဲမှ လောင်စာဆီများကုန်သည်ဆိုမှ ရှောင်ကျန့် အလုပ်သမားတန်းလျားဘက် ထွက်ခဲ့တော့သည်။တကယ်ဆို ဒါ ရှောင်းကျန့်တို့ နားနေချိန်၊ နားချိန်က မိနစ်သုံးဆယ် နာရီဝက် သာ ရသည်။

Night Duty အလုပ်သမားခြောက်ယောက် ရှိသည်မို့ ဆယ့်ငါးမိနစ် သုံးယောက်နှုန်းနဲ့ အချင်းချင်းနားလည်မှုဖြင့် နားချိန်ယူ​
ကြသည်။ရှောင်းကျန့်ကသာ မေတ္တာစေတနာတွေမတရား ပိုလျှံနေလို့ ကိုယ့်နားချိန်အပဲ့ခံ အလုပ်လုပ်ပေးနေတာ။

" မေ...ဒီကို ဘာလာလုပ်တာလဲ.... "

" အာ...မေ ဒီအနားမှာ ကိစ္စရှိလို့လာရင်းး အကိုရှောင်းကို သတိရမိလို့ ဒီ cake လေး ဝယ်လာခဲ့တာ.... "

" မေ...ကိုယ့်အတွက်မလို.....  "

" မေ အကိုရှောင်းကို စားစေချင်လို့ပါ... "

Long Time Ago ( Complete) Where stories live. Discover now