LTAgo 5

5.4K 461 0
                                    

ဝမ်ရိပေါ် ၏ လှည့်ကွက်ထဲ ကောင်းကောင်းကြီးအမိခံခဲ့သည့် ရှောင်းကျန့်သည် အခုတော့ ဝမ်အိမ်တော်တွင်အခြေချနေရပြန်သည်။ဘယ်တော့မှပြန်မလာချင်ခဲ့သည့်နေရာ ဖြစ်တာကြောင့် ထိုနေရာကိုရောက်အောင်ခေါ်လာသည့် ဝမ်ရိပေါ်ကိုပဲ မေတ္တာတွေတသီကြီးပို့သလိုက်ပါတယ်။သကောင့်သားလေး ဝမ်ရိပေါ် ကျန်းမာအသက်ရှည်ပါစေ လို့။

အိမ်တော်ထဲရောက်လာတာနဲ့ ရှောင်းသခင်မကြီးသည် သူ့အားခရီးဦးကြိုသည်။
မားမားသည် အသက်ငါးဆယ်ကျော်ရှိပေမဲ့လည်း ဇရာတင်သည်ဟု ပြောလို့ရကာ
လွန်ခဲဲ့တဲ့နှစ်တွေကအတိုင်း မပြောင်းမလဲ လှပနေဆဲ။
မားမား၏အလှသည် အများနဲ့မတူ အေးချမ်းသည်။မြင်သူရအဖို့ မှင်သက်သွားနိုင်သည့်အလှမျိုးပင်။
မားမားသည် ဂုဏ်ကျက်သရေ ရှိသော ဝမ်အိမ်တော်၏ သခင်မဟုပင် မေးစရာမလိုလောက်အောင် အပြုအမူတိုင်းက အထက်တန်းဆန်သည်။တစ်ချိန်က သာမာန်ရှောင်းအိမ်ရှင်မဘဝကနေ အသက်လေးဆယ်ကျော်မှာ ဘဝတစ်ဆစ်ချိုးပြောင်းလဲခဲ့ရတဲ့မားမားဘဝက ဝမ်သခင်ဆိုတဲ့ရာထူး။
ပင်ကိုယ်အလှတရားနဲ့ ဂုဏ်တရားပါ ပေါင်းစပ်လိုက်သောအခါ မားမားက
လူတိုင်းလည်ပြန်ငေးနိုင်လောက်သည်အထိ စွမ်းသည်။

" ရိပေါ်လေးသာ သွားမခေါ်ရင် ရှောင်းရှောင်းထွက်သွားတာ မားသိလိုက်မှာမဟုတ်ဘူး "

အပြစ်တင်သံစွတ်နေသော စကားလုံးများသည် သူ့ကိုနေရခက်စေ၏။
မားမားသည်သူ့အခြေနေကိုနားလည်ပါရက်နဲ့မမြင်ချင်ယောင် မကြားချင်ယောင်ဆောင်လွန်းသည်။
သူ့ဘက်က နစ်နာသူဖြစ်ပါလျက်နဲ့ အားလုံးက ဝမ်ရိပေါ်ဘက်တော်သားများဖြစ်နေကြပြန်တာကိုလည်း သူ မကျေနပ်ချင်တော့။

" ကျွန်တော် ဒီနေရာမှာ မနေချင်ဘူးမား "

ရိုးသားစွာဖွင့်ဟပြောမိတဲ့နောက်...ရှောင်းအမျိုးသမီးဟောင်း၏ အကြည့်စူးစူးကိုလက်ခံရလိုက်ပြန်သည်။
ထို့နောက် ထိုးလက်စ ချည်ထဲကိုပင် ပြန်အာရုံရောက်သွားဟန်ရှိကာသူ့ကို ဂရုကိုမထားတော့။

" ကလေးမဆန်နဲ့ ရှောင်းရှောင်း "

တိုးညှင်းစွာ ထွက်လာသော မား၏စကားသံတွင် ကျွန်တော်ရော မားမားပါ နှစ်ယောက်လုံး အတန်ကြာ တိတ်ဆိတ်သွားပြန်သည်။

Long Time Ago ( Complete) Where stories live. Discover now