LTAgo 29

2.8K 277 0
                                    

" ကျွတ်..ကျွတ်..."

နံရံကပ်နာရီအဝိုင်းကို တစ်ချက်ကြည့်မိကာမှ လက်တံတိုသည် ငါးနာရီအတိကို ညွှန်ပြသည်။

မနေ့ညက မိုးရွာတော့ ချုပ်ရိုးက အအေးဓာတ်ကလေးကြောင့် အတော်ပင်ကိုက်ခဲသည်။တော်ရုံနဲ့ အိပ်မပျော်။ညနက်ပိုင်းလောက်မှသာ အိပ်ပျော်သွားသည်။
လူနာစောင့်ကုတင်ပေါ် ကွေးကွေးလေး အိပ်နေသော မားမားကို ကြည့်မိတော့လည်း
အခုရက်ပိုင်း ခရီးတွေဆက်နေ၍ ပိန်သွားသည်ဟု ထင်ရသည်။အခုလည်း သူ့ကြောင့်နဲ့ မားမား အလုပ်ပိုရပြန်သည်မို့ အားနာစိတ်ကလေးက ခိုလို့အောင်းသည်။

Dripချိတ်ထားသော ဆေးတိုင်အရှည်
ကို ဖြည်းညှင်းစွာ ဆွဲယူရင်း ကုတင်အောက်ကို ဖြည်းဖြည်းချင်းဆင်းရသည်။ချုပ်ရိုးအနာက နည်းနည်းလေး လှုပ်ရုံလောက်နဲ့ အသည်းခိုက်မတက် နာလာသည်မို့ ရှောင်းကျန့် မျက်နှာတစ်ခုလုံး ပေါက်ထွက်မတက် အံကြိတ်ထားရသည်။

မနက်ငါးနာရီ ဆေးရုံကော်ရစ်ဒါလမ်းကလေးသည် အနည်းငယ်အမှောင်ရိပ်သမ်းသည်။
ရှောင်ကျန့်နေတက်တဲ့ ဆေးရုံက ချုံချင်းမြို့ အကောင်းဆုံး ဆေးရုံတစ်ခုပင်။သို့ပေမဲ့ အမေတစ်ခုသားတစ်ခု ဖြစ်နေသည့် ရှောင်းကျန့်တို့အဖို့ ဈေးအကြီးဆုံးအခန်းကို မယူနိုင်။
အလယ်အလတ်အခန်းနဲ့တင် များနေသည်ဟု ရှောင်းကျန့်ထင်သည်။

ချုံချင်းမြို့ ဆေးရုံတိုင်း၏ ဖွဲ့စည်းပုံသည် တစ်ခြားမြို့များနှင့် အနည်းငယ်ကွဲပြားသည်။ဆေးရုံအထပ်တိုင်း၏ ထောင့်စွန်းတွင် သန့်စင်ခန်းရှိနေခြင်းပင်။အခု ရှောင်းကျန့်၏ ဦးတည်ရာသည် သန့်စင်ခန်းကိုပင်။

" လူ?
လူအိပ်နေတာလား "

နံရံကပ်ဆေးရုံခုံတန်းများသည်လေး၊ငါး ခုတန်းစီ ထားခြင်းဖြစ်သည်။လူနာစောင့်များ အဆင်ပြေစေရင် ထိုင်ဖို့စီစဥ်ပေးထားခြင်းပင်။ထိုခုံတန်းများပေါ်တွင် အလျားလိုက် ကွေးကွေးလေး အိပ်နေသည့် လူတစ်ယောက်။အမှောင်ရိပ်သမ်းနေသည် အတွက် လိုလူကို ရှင်းရှင်းလင်းလင်း မမြင်ရ။

ကြည့်ရတာ မူးမူးရူးရူးနဲ့ ဆေးရုံနဲ့ ဟိုတယ် မှားအိပ်နေသလား။

Long Time Ago ( Complete) Where stories live. Discover now